part 19

1.1K 121 15
                                    

🌺အငြိုး🌺

Dadyနိုးလာတာနဲ့ ဒေါက်တာဆီ အပြေးပေါ့.....

"ဂျောင်ကု အဆင်ပြေလား..."

"အေး ပြေတယ်...ငါနောက်ကျနေပြီ Yuna ဆီ သွားမှဖြစ်မယ်....မဟုတ်ရင် သူစိတ်ကောက်လိမ့်မယ်..."

"မင်းဘာတေပြောနေတာလဲ ဂျောင်ကု..."

"Yuna လေ ဒီနေ့ Yuna နဲ့ ငါ့ရဲ့ မင်္ဂလာပွဲနေလေ....ငါ accident ဖြစ်ပြီး ဆေးရုံးရောက်နေတာ သူမသိဘူး...ငါအမြန်သွားမှဖြစ်မယ်..."

"စိတ်ထိန်းစမ်း ဂျောင်ကု Yuna မရှိတော့တာဖြစ် ၈ နှစ်ရှိသွားပြီ..."

"ဟျောင့် ယွန်ဂီ....တခြားဟာ..စ....
ပေါက်ကရတေ မပြောနဲ့ မနေ့ကမှ ငါသူနဲ့သွားတွေ့လာတာ..."

"ဒေါက်တာ လုပ်ပါအုံး ကျမသား ဘာဖြစ်သွားတာလဲ..."

"အားလုံးစိတ်အေးအေးထားကြပါ....
လူနာက သူမေ့နေတဲ့ အတိတ်အကြောင်းကို ပြန်သတိရပြီး လက်တလော အဖြစ်ပျက်တေကို မေ့သွားတာပါ..."

"ဟင်!!!!"

ဂျီမင် ခြေထောက်များ မခိုင်တော့သည်ထိ ခွေကျသွားသည်။

"မင်းသေချာပြန်စဉ်းစားပါအုံး...."

"လုံးဝမဖြစ်နိုင်ဘူး...မဖြစ်ရဘူး...
ငါဘာမှ မကြားချင်ဘူး ထွက်သွား အကုန်ထွက်သွား..."

"အမေတို့ မညာပါဘူး သားရယ်"

"ဟက်!!! Yunaနဲ့ သားကို သဘောမှ မတူဘဲ...
အမေ့စကားကိုလဲ မယုံဘူး...ထွက်သွား...ဘယ်သူမှ မမြင်ချင်ဘူး..,သွား...."

"Dady..."

"ဟုတယ်....ဂျောင်ကု ဂျီမင်ကို သိတယ်မလား..."

မျက်ဝန်းထဲမှ အရည်ကြည်တချို့ ရစ်သိုင်းလျက် မျှော်လင့်ချက်ကြီးစွာ ကြည့်နေသူ.....

"ဂျီမင်...ဘယ်ကလဲ ငါမသိဘူး..."

"ဟင်!!!!"

မသိဘူးတဲ့ ထိန်းထားတဲ့ မျက်ရည်တေက ကျလာပြန်ပြီ။
သိပ်ချစ်ပါတယ်ဆို ခုတော့ ရင်ထဲမာတောင်မရှိ မေ့သွားပြီလား။

""ဂျီမင်က Yuna မောင်လေ...."

"ဟုလား...."

"အင်း...ပြီးတော့....
ခုမင်းရဲ့ ချစ်သူ...."

🌺အငြိုး🌺Where stories live. Discover now