ပြုံးရင်းပြောနေတုန်းမှာပဲ အနောက်ကနေ လက်ဖဝါးစာမိတော့သည်

"ဟဲ့ ဟေမာ နင်ကဘာလဲ ငါတို့ကိုကျ မိတ်မဆက်ပေးဘူး စိတ်ဓာတ်ပဲ"

မြင့်မိုရ်ရိုက်ရင်းပြောလိုက်သည် ဟေမာလည်း

"ဘာလဲ ငါက စိတ်ဓာတ်ဆိုတော့ နင်က စည်းကမ်းလား"

"ဘာ! နင်သေဖို့သာပြင်ထား ဟေမာစုတ်ပလုတ်"

ဟေမာလျှာထုတ်ပြ၍ လဝန်းနောက်ပုန်းလိုက် သွန်းနောက်ပုန်းလိုက်ဖြင့် စ နေသည်
ထိုအခါမှ သွန်းသည် မျက်စိနောက်လာ၍

"ဒီနှစ်ယောက်ကို ငါရုံးခန်းထဲရောက်အောင်လုပ်ရမလား"

ဆိုတော့မှ ရပ်သွားသည်

"ဒီက တယောက်ကိုလည်းအားနာပါဦး"ဆိုတော့မှ ကြည့်လိုက်ရာ နှင်းယု ရီနေသည်
ရီရင် ချစ်ဖို့ကောင်းသည်  ဟေမာလည်း အခြားသူတွေကြည့်မှာစိုး၍ မြန်မြန် မိတ်ဆက်ပေးလိုက်သည်

"သူ့နာမည်က နှင်းယုတဲ့ ငါတို့နဲ့အတန်းတူတူပဲ "

"နှင်းယု..အော် မှတ်ထားပါမယ် ကျွန်မက မြင့်မိုရ်
ဒီဘက်က သွန်းကဗျာနဲ့ ၄ယောက်ထဲမှာ အထင်ရှားဆုံးကတော့ လဝန်းပေါ့နော်"

နှင်းယုစဉ်းစားမိသည် အထင်ရှားဆုံးအရာကို ကြည့်ကြည့်တော့ ပြုံးလိုက်မိသည် ထိုအရာမှာ
အရပ်ပင်ဖြစ်သည်။

အားလုံးထက် အနည်းငယ် ပုနေသယောင်သောကြောင့်ပေတည်း။

လဝန်းမှ မထွက်စဖူး ဒေါသသည် ငယ်ထိပ်ကိုရောက်လာ၍

"ဒီဖေ...ကတော့"

မဆဲဖူးသော လဝန်းကိုကြည့်၍ လန့်သွားကြသည် နှင်းယုအပါအဝင်ပေါ့

"လဝန်းရေ စတာပါနော် ခါတိုင်းလည်း စနေကြပဲကိုလေ" မြင့်မိုရ်မှ ပြူးပြူးသလဲ ပြောတော့

"ရားးနင် ငါ့ကို ကြိုက်တာပြောလို့ရတယ် အရပ်တော့လာမထိနဲ့"

"........."

မြင့်မိုရ်သည် အပြစ်သားဖြစ်နေသလို လက်‌နှစ်ဖက်လေးက အရှေ့တွင် ထားထားကာ မျက်နှာလေးကို အောက်စိုက်ထားသည်

"ဟဲ့ နင်တို့ နှင်းယုရှိတာကို သတိရကြပါဦးဟ"

"အော်အေ ဟုတ်သားပဲ sry ပါနော် နှင်းယုရယ်
ကျွန်မတို့လေးယောက်နဲ့က စုံရင် သတ်ကြ ချစ်ကြနဲ့မို့ ပတ်ဝန်းကျင်တောင် သတိမရကြတာပါ"

"ရပါတယ်ရှင့် ဒါနဲ့ ကျွန်မလို့မသုံးလည်းရပါတယ် အချင်းချင်းတွေပဲထင်တယ်"

"ဟဲဟဲ ရလား အားနာလို့ပါ နှင်းယုကို အခုမှ ခင်ကာစ‌ဆိုတော့"

သွန်းကဗျာ ပြောတော့ လဝန်းက မျက်စောင်းကြီးနှင့်ကြည့်လေသည်

"အတန်းချိန်စတော့မှာပဲ ဒါနဲ့ ဘယ်သူ့အချိန်လဲ" ဟေမာမေးတော့

"အော် တီချယ်နှင်း အချိန်ပါ"

"အမ် ဟုတ်လား ကဲ" မြန်မြန် ထိုင်ကြရအောင်"
လို့ပြောပြီး  ဟေမာသည် နှင်းယုနှင့်ထိုင်နေမိသည်

ထိုအချိန်တွင်

"ဒေါက် ဒေါက် ဒေါက်" ဒေါက်ဖိနပ်ကို မြည်အောင်လျှောက်ပြီး ထိုင်စရာနေရာကို အိန္ဒြာရှာမိသည် ပါးစပ်နား၌လည်း အနည်းငယ် သွေးထွက်နေသည် သို့သော် အိန္ဒြာမသိ...

ဟေမာသည် အိန္ဒြာကို မြင်မြင်ချင်း မျက်ခုံးတွန့်ချိုးသွားပြီး ဒေါသကြောင့် မျက်နှာနီနေသည် လက်သီးကိုလည်း ခပ်တင်းတင်းဆုပ်ထားသည်

အိန္ဒြာ ဟေမာကို မြင်တော့ ခရမ်းချဉ်သီးပေါက်ထွက်တော့မလား မျက်နှာဖြင့်ကြည့်နေသော်လည်း မမြင်ချင်ယောင်ဆောင်လိုက်သည်။

ခပ်တင်းတင်းလျှောက်လာပြီး အိန္ဒြာ နှင်းယုနားတွင် ထိုင်လိုက်သည်။ဟေမာ့အခြေအနေက ပိုဆိုးလာသည်။သို့သော် ဟေမာကိုယ်တိုင်တောင်မသိ အဘယ်ကြောင့် နှင်းယုဘေးကို လူရောက်လာရင် သူ‌မဒေါသထွက်နေမှန်း နားမလည်တော့...။

"တို့ ဒီမှာ ထိုင်လို့ရလား မိန်းကလေး"

"ဟုတ် ဟုတ်ကဲ့ ရပါတယ်ရှင့်"

နှင်းယုကို ရုတ်တရက်လာမေး၍ ကြောင်သွားသည်

"ဟေမာ နင်စိတ်ချ ငါဘာမှမလုပ်ဘူး ဒီမှာ သိတာဆို နင်တို့နဲ့ပဲ မို့လို့ ငါလာထိုင်တာ "

အိန္ဒြာ ဟေမာကို မျက်နှာချင်းဆိုင်ကာ ကြည့်၍ပြော‌သည်

"နင့်လိုလည်း ငါတချိန်လုံး ရန်မဖြစ်ချင်ဘူး"

ဆိုပြီးအချင်းချင်းကြည့်နေကြသည်

နှင်းယုတယောက် ထိုသူတို့ကြားမှာ ကြားညှပ်နေသည် အခြေအနေက တင်းမာနေသည်....
အချိန်မရွေး ချိန်ကိုက်Bombထများ ပေါက်သွားမလားတောင် မသိ......

"မင်္ဂလာပါ ဆရာမ"

တီချယ်နှင်းရောက်လာလို့တော်သေးသည် မဟုတ်လို့ကတော့ ဘယ်အချိန်မှပြီးမလဲမသိ။

I Fell In Love At First Sight Where stories live. Discover now