Normal Couple ( Zawgyi ) 3

Start from the beginning
                                    

" အကြီးကို ဘယ်လိုပြောနေတာလဲ "

ငုဝါမောင်က လျှာထုတ်ပြသည်။ ကံ့ကော်မောင်တော့ သူ့ညီမကို မနိုင်ဘူးဟူသည့် မျက်စောင်းအကြည့်နဲ့ လက်မြှောက်အရှုံးပေးထားသည်။

" သား လိုက်မယ် "

" အေး... လာ၊ ငါတို့မောင်နှမနှစ်ယောက် ဆိုင်ကယ်နဲ့ ဒိုးကြတာပေါ့ "

ငုဝါမောင်နဲ့ ပိတောက်မောင်တို့က ဆိုင်ကယ်တစ်စီးနဲ့ ထွက်သွားကြသည်။ ငုဝါမောင်က ရှေ့ကမောင်းပြီး ပိတောက်မောင်က အနောက်လိုက်စီးတာပေါ့။ အသက်မှမပြည့်သေးတာ။

ကံ့ကော်မောင်ကတော့ အတာနွမေဏ္ဍပ်မှာ ကျန်နေခဲ့ပြီး နှလုံးသားကို ပိုင်စိုးသူလေးကိုသာ ငေးကြည့်နေမိသည်။ အတာရေ ဦးဦးဖျားဖျား မလောင်းရပေမဲ့ နှလုံးသားကိုတော့ ဦးဦးဖျားဖျား ဆက်သပါရစေ နွယ်။
.
.
.

🎶 မြူမှောင်ဝေကင်း ×××××× ငွေအဆင်းဆန္ဒ ×××××× ပြည်ထောင် တိုင်းမြန်ပြည် ×××××× အေးချမ်းအောင်ဆု သွန်းခါရေ ×××××× အေးစေကြောင်း လောင်းတဲ့လုံမေ ×××××× ထူးထူးကဲကဲလှကြပါစေ ×××××× အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ ×××××× သံသာ ချိုမြမြဆိုတေးလေးတွေ ×××××× မန်းမြို့သူရဲ့ ဂုဏ်နဲ့ညီပေ ယဉ်ကျေးသူတွေ ×××××× မနှစ်ကပဲ လောင်းခဲ့တာတွေ အေးအေးမြမြ မမေ့ရက်နိုင်ပေ ×××××× သင်းပျံ့နေ ရွှေပန်းပိတောက်တွေ တွဲရွဲနဲ့မေ ×××××× အဆင်အမြဲမြန်းကာ လှတဲ့မေ ငွေငန်းမောင့်ကို လောင်းတဲ့ရေ ×××××× ဘေးဘယာ ဝေးကွာ ကင်းစင်ပစေ ×××××× ဒီရေပွဲ သင်္ကြန်လေ 🎶

ညနေပိုင်းတွင် နွယ်ဦးမေ၏အလှည့်ကျ၍ တစ်ယောက်တည်း မဏ္ဍပ်ပေါ်တွင် ကပြနေသည်။ စည်းချက်က တစ်ချက်ချင်းမို့ ကကြိုးကို တစ်ကွက်ချင်း ပီပြင်အောင် ပုံဖော်ရလေသည်။ သီချင်းက ခပ်မြူးမြူး စည်းချက်မဟုတ်သည့်အတွက် ကကွက်မှာလည်း နှေးနှေးမှန်မှန်နဲ့ ကျော့မော့အောင် ကပြရသည်။

သည်နှစ် အတာနွမေဏ္ဍပ်တွင် လူစည်ကား၏။ အချောလေးတွေ စုနေကြသည်ကိုး။ အဓိကကတော့ နွယ်ဦးမေ၏ ပရိသတ်တွေများသည်။ ရုပ်လေးကလည်းချော၊ ပညာကလည်း မသေးတော့ လူတိုင်း၏ပါးစပ်ဖျားတွင် ချီးကျူးသံက နေရာယူနေသည်။

Fall In Love During THINGYAN ( Completed )Where stories live. Discover now