Normal Couple ( Unicode ) 6

Start from the beginning
                                    

" ဘယ်ရွာကိုပြန်သွားကြတာလဲ ဦးလေး "

" အဲ့ဒါ ဦးလေးလည်း မသိဘူး.... ရုတ်တရက်ကြီး ပြန်သွားကြတာ "

" ဟုတ်ကဲ့ "

ထိုဦးလေးထွက်သွားပြီးနောက် ကံ့ကော်မောင်လည်း ခေါင်းငိုက်စိုက်နဲ့ ပြန်လာရတော့သည်။ အကြောင်းအရင်းမသိပါဘဲ ရုတ်တရက်ကြီး ရွာထပြန်သွားလေတော့ သည်လူက ဘယ်လိုသတ်မှတ်ရလေမလဲ။ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ မေးချင်ပေမဲ့ ဘယ်သူ့ကို သွားမေးရမလဲ။

အတာနွေကို ပြန်ရောက်တော့

" ကိုကြီး.... ဘာဖြစ်ကုန်တာလဲ "

ငုဝါမောင်က လက်ထဲမှာ စာတစ်စောင်ကိုကိုင်ထားကာ သူ့ကို ဆီး၍မေးသည်။ ကံ့ကော်မောင်ရဲ့ ဘာမှမသိရသေးသည့်ပုံစံနဲ့ သူတို့က ဘာတွေသိနေတာလဲဟူ၍ မေးလိုသည့်ပုံစံကြောင့် ငုဝါမောင်က စာကိုထုတ်ပေးလိုက်သည်။

* နွယ့်ကို စောင့်နေမယ်ဆိုတာသိလို့ စာရေးလိုက်ရတာပါ။ နွယ် အစ်ကို့ဆီ လာနိုင်မှာ မဟုတ်ဘူး။ အစ်ကို ဒီစာကိုရရင် နွယ်က တခြားနေရာမှာ ရောက်နေလောက်ပြီ။ မလာနိုင်တာ ခွင့်လွှတ်ပါ။ နောက်နှစ်ကျရင် ပိတောက်တစ်ခက်ကို မျှော်ခွင့်ရှိဦးမလား အစ်ကို *

စာဘယ်နှကြောင်းမှမရှိတဲ့ စာပိုဒ်တိုလေးက ဝမ်းနည်းဆွေးမြေ့မှုတွေကို ဆွဲခေါ်နိုင်သလို၊ မျှော်လင့်တောင့်တခြင်းကိုလည်း နေရာယူခွင့်ပေးထားသည်။ နောက်နှစ်၊ နောက်နှစ်။ ဘယ်လိုလိုက်လာရမလဲ မရေးဘဲနဲ့ နောက်နှစ်အတွက် ပိတောက်တစ်ခက်ကို စောင့်ပါမည်တဲ့။ ဘာဖြစ်လို့များ ထွက်သွားတာလဲ။ စမ်းသပ်တာလား။

" ကိုကြီး ကံ့ကော်မောင်... နွယ်ကလေ ကိုဦးကို ရှောင်ပြေးသွားတာ ဖြစ်မယ် "

သီရိနွယ်နဲ့ ပိတောက်မောင်က သူတို့နား ရောက်လာသည်။

" နိုင်မင်းအောင်တို့ ပြောတာကြားမိတယ်... ကိုဦးက နွယ့်အမေဆီမှာ နွယ်ကို သွားတောင်းတာ လက်မခံလို့ ဒီည အတင်းခိုးပြေးဖို့ လုပ်နေတာတဲ့ "

သည်အကြောင်းကိုသိရတော့ ကံ့ကော်မောင် သက်ပြင်းမောကို ချလိုက်မိသည်။ နွယ်ဦးမေရဲ့စိတ်ကို သိလိုက်ရသလို၊ သူဘာမှမတတ်နိုင်သည့် အခြေအနေကိုလည်း ဘဝင်မကျပေ။ နောက်နှစ်ကျရင် ပိတောက်တစ်ခက်နဲ့ ဆက်ဆက်လာခဲ့ပါ့မယ်။

Fall In Love During THINGYAN ( Completed )Where stories live. Discover now