သူငယ်ချင်းတွေက ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျီဝတ်ထားသည့် လွမ်းနွေကို အထူးအဆန်းတွေဖြစ်လို့၊ အငေါ်တူးနေကြသည်။

အန်ဒရီ ကိုယ်တိုင်ကလည်း အခန်းထဲမှ ထွက်လာသည့် လွမ်းနွေကို မေးရိုးပြုတ်မတတ် ကြည့်နေပြန်၏။
အန်ဒရီက လွမ်းနွေကို သူ့သူငယ်ချင်းတွေအရှေ့မှ ပြန်လည်ဆွဲခေါ်သွားလိုက်ပြီး ..

"ကိုကိုက ဘာလို့ အဲ့လောက်ထိ ကလေးလေးနဲ့ တူနေရတာလဲ"

"မင်း မနောက်နဲ့ ၊ အပြင်မသွားချင်တော့ဘူးလား ငါ စိတ်ပြန်ပြောင်းလိုက်မှာနော်"

တကယ်တော့ လွမ်းနွေမှာလည်းမနေတတ်။ ခံစားချက်က တစ်မျိုးလေးဖြစ်နေသည်။ အန်ဒရီက လွမ်းနွေရဲ့ လက်ကို လှမ်းဆွဲကာ နား၊နားကပ်လိုက်ပြီး

"ကားပေါ်ရောက်ရင် ငါ့အနားမှာပဲနေ .. နော် ကိုကို"

လွမ်းနွေက မျက်မှောင်ကြုတ်လို့ ခေါင်းညိတ်ရတော့သည်။ ဒီကောင်လေးက တော်တော်ဆိုးဆိုး ..

- - -

အကြတ်နေ့မို့ ခြေကုန်လက်ပန်းကျသည်ဆိုတာ မရှိဘဲ ပျော်မြဲ ပျော်ဆဲ သင်္ကြန်မောင်မယ်တွေချည်း။ နေရာအနှံ့ သင်္ကြန်သီချင်းတွေ ပျံ့လွင့်နေတာကလည်း လွမ်းစရာ၊ ဆွေးစရာ။

သင်္ကြန် သီချင်းသံများနှင့် မောင်မယ်တို့ရဲ့ အော်ဟစ်ပျော်ရွှင်သံများကြောင့် ရင်ထဲမှာ လှိုက်လို့ပျော်တဲ့ အပျော်တွေသည် ဘာနဲ့မှလဲ၍ မရပေ။

တစ်နေ့လုံး ပျော်ရွှင်စွာလည်ပတ်ပြီးသွားသောအခါ ..

"ချမ်းနေပြီလား"

ခြုံတဘက်အောက်မှာ အနည်းငယ် တုန်ချင်နေသည့် လွမ်းနွေသည် တစ်စက်ကလေးတောင်မှ ချမ်းပုံမပေါ်သည့် အန်ဒရီ့ကို မေးနေတာက ဘေးလူကြားလျှင် ရယ်စရာပင်ကောင်းနေတော့မည်။

"ကိုကိုသာ ချမ်းနေတာ .. ကျွန်တော်တို့ ပြန်ကြမလား"

ကားပေါ်မှ ခဏဆင်းကာ နားနေသည့် နေရာက သစ်ပင်ကြီးများ၏ အောက်ဖြစ်နေတော့ နေပြောက်တွေရှိသော်လည်း လေတိုက်လျှင် ပိုအေးသည်။ လွမ်းနွေနှင့် အန်ဒရီက သစ်ပင်အောက်က ခုံလေးမှာထိုင်နေသည့်အနေအထားနှင့်။

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now