" အဲ့ဒါဘာဖြစ်လို့လည်း သူဟာသူလာလာမလာလာ ကိုယ်နဲ့ဆိုင်တာမှတ်လို့... "

" အံ့သြလို့ပါကိုကြီးရာ ရန်ကုန်လိုမြို့ကြီးပြကြီးမှာနေတဲ့လူက ဒီလိုအခါရက်ကြီးမှာ မြို့ငယ်သေးသေးလေးဆီလာနေလို့လေ... "

" ငါတို့မြို့ကသေးစရာလားအငယ်မရ...သူတို့မြို့ကိုကကြီးနေတာ "

" အာ မေကသဘောကိုပြောပြတာပါ... "

" မသိဘူး မပြောနဲ့ နောက်ကျနေပြီသွားစို့ "

" ဟုတ် "

နွေဦးမေတစ်ယောက်မှုန်ကုတ်နေသောအစ်ကိုဖြစ်သူကြောင့်
ဘာစကားမှမပြောတော့ပဲ ပြုံးစိစိနဲ့ပင်ဆိုင်ကယ်ပေါ်တက်လိုက်တော့သည်...။
ကိုကြီးခန့်သူရပိုင်နဲ့ကိုကြီးနွေဦးက တကယ့်ကိုကြွက်နဲ့ကြောင်လိုပင်မျက်နှာချင်းဆိုင်လိုက်တာနဲ့ စကားထများကြတော့တာ...
အစအနောက်သန်တဲ့သူနဲ့ အစမခံနိုင်တဲ့သူ တကယ့်ကိုကြည့်လို့ကောင်းတဲ့ရန်ပွဲပင်...။

. . . . . . . . . . . . . . . . . . . . . . . . . . . . . .။

" ငါပြန်လာပြီ ရွှေဘိုမြို့ကြီးရေ ဟားးး "

ဒေါ်လေးအိမ်ကိုရောက်တာနဲ့အထုတ်တွေတန်းချပြီး  ထိုင်တောင်မထိုင်နိုင်သေးပါပဲ ခြံရှေ့ကပိတောက်ပင်ကိုခန့်သူရပိုင်အပြေးအလွှားသွားကြည့်ရသေးသည်...။
တစ်နှစ်မှတစ်ခါသာလာရတဲ့ဒီမြို့လေးကိုသူသဘောအလွန်ကျပါ၏။
ရွှေဘိုမြို့ရဲ့ ချစ်စရာကောင်းတဲ့ဓလေ့တချို့ကသူကိုဆွဲဆောင်လို့နေသည်လေ...။

" ဒေါ်လေး ဒီနှစ်လည်းရေကြည်တော်ကပ်ရှိတယ်မို့လား "

" အို...ဒါကမရှိစရာလားကွယ် ရှိတာပေါ့ သင်္ကြန်ကားတွေတောင်ဆင်ထားပြီးပေါ့... "

ဟုတ်သည်...
ရွှေဘိုမြို့ရဲ့ချစ်စရာကောင်းတဲ့ဓလေ့တွေထဲတွင် တန်ခူးလရဲ့ရေကြည်တော်ကပ်ဟာမပါမဖြစ်ပင်...။
မြန်မာတစ်နိုင်ငံလုံးတွင် ထိုဓလေ့ကိုမြို့လုံးကျွတ်စည်းစည်းလုံးလုံးထိမ်သိန်းထားဆဲမို့ လူငယ်တော်တော်များမျာဟာလည်းတက်တက်ကြွကြွပင်...။
အကျ၊အကျတ်၊အတက်ထိုသင်္ကြန်မနက်ခင်းသုံးရက်တွင် ရက်ကွက်အလိုက်...လူကြီး၊လူငယ်မရွေး ရေဖလားလေးတွေကိုင်ကာမီးသတ်ရုံးနားသို့စုဝေးလို့ စီစီရီရီအတန်းဖော်၍မြို့တွင်းရှိတန်ခိုးကြီးဘုရားများအား ရေကြည်တော်ကပ်လှူကြသည်...။

သင်္ကြန်တမ်းခြင်းМесто, где живут истории. Откройте их для себя