Part - 25 ( Zaw )

Start from the beginning
                                    

ကိုယ့်ဆီကိုလာတွေ့မယ်ဟုဆိုလာပြန်တော့ အနည်းငယ်စိတ်သွေားရသည်။ ပြောသာပြောရတာပါ ။ ဒီလူကြီးက လူငယ်တွေလို့စကားနဲ့အရမ်းမခြွေတတ်တာကလွဲရင် ကျန်တာအားလုံး ကိုယ်ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပေးတတ်၏။ ကိုယ့်အဖြစ်ကလည်း တစ်ယောက်ထဲစိတ်ဆိုး။တစ်ယောက်ထဲစိတ်ပြေ။ မချော့ခင်ကကိုပျော့နေရသည့်အဖြစ်။ ချစ်တာကိုး အရမ်းချစ်ရတာကိုး။

" လာမတွေ့လဲနေပေါ့ ဘယ်သူမှမျှော်မနေဘူး "

ကိုယ့်ပါးစပ်ကအကန်တွေပြောနေပေမည့် ကိုယ့်စိတ်ထဲကမပါမှန်း ချစ်ရသူကသိပုံရသည်။ ကိုယ့်ကိုပွေ့ချီပြီး သူ့ပေါင်ပေါ်မှာထိုင်စေ၏။ သူ့ရင်ခွင်ထဲရောက်သွားရသည့်ကိုယ့်ကို ငြင်သာစွာထွေးပွေ့ပေးထားလေသည်။

" တီတီတာတာ မပြောတတ်တဲ့ကိုယ်ပုံစံကို ကလေးသဘောကျဘူးထင်တယ်။ အမှန်တော့ ပြန်ရမည့်သူကို လွမ်းတယ်ဆွေးတယ်ပြောပြီး နောက်ဆံတင်းနေအောင်မလုပ်ချင်ဘူး ။ ကလေးတို့အရွယ်လေးတွေအချင်းချင်းဆိုရင်တော့ အဲလိုလေးတွေပြောပြ လုပ်ပြရတာအဆင်ပြေလောက်ပေမဲ့ ကိုယ့်အသက်အရွယ်နဲ့တော့ အဆင်မပြေလှဘူးကွာ ။ ပါးစပ်ကနေ
စကားအနုအရွတွေအများကြီးပြောပြီး ချစ်ပြနေရတာထက် အလုပ်နဲ့ပဲသက်သေပြချင်တာ ။ အဲဒါကိုကလေးလေးကနားလည်ပေးလေ နော် "

တစိခုခုဆို နားဝင်အောင်ပြောပြတတ်သည့် ချစ်ရသူကြောင့် သျှန်းအံ့လည်း အကြာကြီစိတ်ဆိုးနေသည့်ပုံကိုမပြချင်တော့ပါ။ ခွဲရခါနီးလေးအချိန်တွေက တန်ဖိုးရှိလွန်းတာကြောင့် စိတ်ဆိုးစိတ်ကောက်လုပ်နေပြီး ကုန်ဆုံးလိုက်ရမည်ဆို နှမျောစရာကောင်းနေမယ်မဟုတ်လား။

" နားလည်ပေမဲ့ ခွဲရခါနီးဆိုတော့ နည်းနည်းစိတ်မကောင်းဖြစ်တယ်"

ကိုယ့်ကိုဖက်ထားသူ၏ လည်တိုင်ပေါ်မျက်နှာအပ်လိုက်ပြီး ခပ်တိုးတိုးဆိုလိုက်မိ၏။ ကလေးဆန်ပြီး ချွဲသလိုများဖြစ်နေမလားတွေးမိပေမည့် တကယ်လဲ ဦးနဲ့တွေ့ရင် ကိုယ်က ကလေးပဲဟာ။ နည်းနည်းလောက်ချွဲမိလဲ ဦးက ချစ်ပေးမှာပဲလေ။

" ကိုယ်လဲ ကလေးနဲ့အတူတူပါပဲ ။ ခွဲရမဲ့အကြောင်းတွေးရင် စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တဲ့တာဝန်တွေဝတ္တရားတွေကိုတော့ လျစ်လျူရှုလိုက်လို့မဖြစ်ဘူးလေ။ လွမ်းတဲ့အခါလဲလွမ်း ကိုယ်လုပ်ရမဲ့အရာတွေကိုလဲ မဖြစ်မနေလုပ်ရမှာပေါ့ ။ ကလေးလဲဒီလိုပဲပေါ့ ကိုယ့်ကိုလွမ်းတဲ့အခါလွမ်း ကျန်တဲ့အချိန်မှာ စာကြိုးစားရမယ်လေ။ နောက်ပြီး ကိုယ့်ကလေးကို တကယ်ပစ်မထားပါဘူး သေချာပေါက်လာတွေ့ မှာပေါ့ ။ လာချင်ရင်အနီးလေးပဲဟာ။ ကျောင်းသားလေးက တစ်နှစ်တာအတွင်း အကောင်းဆုံးကြိုးစားနော်။ အလွမ်းပြေအောင်လာ,လာတွေ့ရမှာက လူကြီးဖြစ်တဲ့ကိုယ့်တာဝန်"

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now