အခန်း 32

150 16 0
                                    


အခန်း 32-

အထက်တန်းဒုတိယနှစ်တွင် အတန်းများခွဲပြီးနောက် ‌နင်အာ နှင့် ကျန်းချန်တို့ အဆက်အသွယ်အနည်းငယ်သာရှိခဲ့သည်။

သူတို့ထဲက တစ်ယောက်က အထူးကြပ်မပ် အတန်းထဲမှာ ရှိပြီး နောက်တစ်ယောက်က သာမန်အတန်းမှာ ရှိ၏။ စာသင်ခန်းတွေက အများအားဖြင့် ဝေးကွာပြီး တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းအသစ်တွေသာ ဖွဲ့ကြသည်ပင်။ ဒါပေမယ့် ကျန်းချန် က ‌နင်အာကိုစာပို့ပြီးချင်းမှာပဲ ‌နင်အာ  ဟာ ဝေးကွာသွားသည့်ခံစားချက်မရှိသလို အရင်ကလို သူငယ်ချင်းကောင်းဖြစ်ပုံရပါ၏။

[‌နင်အာ: ဘာဖြစ်နေတာလဲ။ 】

ညနက်သန်းခေါင်မှာ အကူအညီတောင်းဖို့ WeChat မှမက်ဆေ့ခ်ျပို့ပြီး ‌နင်အာ က အမြန်တုံ့ပြန်ခဲ့သည်။

ကျန်းချန် က သူကျောင်းစတက်ကတည်းက လွန်ခဲ့တဲ့လအနည်းငယ်က Ning Er မှာ ဖြစ်ပျက်ခဲ့တာတွေကို ဂရုတစိုက်ပြောပြခဲ့၏- [နွေရာသီအားလပ်ရက်မှာ ငါအနုပညာပြပွဲကို မသွားခဲ့ဘူး၊ ရှောင်မိန် နဲ့ Jay Chou ရဲ့ ဖျော်ဖြေပွဲဆီသွားဖို့ ထွက်ခဲ့ကြတယ်။ အကြိမ်နည်းနည်းလောက် အတူတူ အပြင်သွားခဲ့ကြသေးတယ်?  ရှောင်မိန် နဲ့ ငါ အတန်းထဲမှာ အတူတူထဲရှိနေခဲ့တာလည်း ကံကြမ္မာပါပဲ။ ငါတို့  တကယ်တွဲဖြစ်နိုင်မယ်လို့ ငါထင်ခဲ့တယ်၊ ရှောင်မိန် က လည်းငါ့အပေါ် ဆိုအရမ်းကြင်နာတယ်။ ဒါပေမယ့်...ဒါပေမယ့်ဘည်း အခုတော့ သူငါ့ကို ကြိုက်လား မကြိုက်လား မသေချာတော့ဘူး။ 】

လျို ရှောင်မိန် က လွန်ခဲ့တဲ့ သုံးလက သူ့ကို မကြိုက်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တာကို ‌နင်အာသတိရမိသွား၏၊ ကျန်းဂျင် နဲ့ ကစားရတာ ပျော်နေပေမယ့် ကျန်းချန် ကို တော့ သူ့အားသဘောကျခဲ့တဲ့အကြောင်း ဘာမှ မပြောပုံရ၏။

မိန်းမတစ်ယောက်ရဲ့ နှလုံးသားဟာ ပင်လယ်ထဲမှာ အပ်တစ်ချောင်းလို နက်နဲလှသည်ပင်။

နင်အာက ရှောင်ပေါ်ဟန်ကိုပင် နားမလည်နိုင်ခဲ့ကာ၊ ဤမျှရှုပ်ထွေးသော မိန်းက လေး၏ နှလုံးသားကို သူ မည်သို့ နားလည်နိုင်မည်နည်း။

သူ့သူငယ်ချင်းကို အကြံဉာဏ်ပေးဖို့သာ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်- [သူက မင်းအပေါ်ကောင်းရင် သူက မင်းကို ချစ်တယ်ပေါ့။ 】

A LITTLE LOVE SONG {Complete} Where stories live. Discover now