သူ့နားရွက်တွေကနီမြန်းနေပြီး နှုတ်ခမ်းထောင့်စွန်းလေးကမြင့်တက်နေသည်။

သူဘာပြောလိုက်လဲဆိုတာ သူ မသိလိုက်တာများလား...

"ဒီညဘာစားချင်လဲ ဂျပန်စာစားမလား ဟိုနေ့က ဆူခီရာခီ ကိုမကြိုက်ဘူးလား..."

ကျင်းစစ်ရဲ့အဖြေကိုမစောင့်တော့ဘဲ သူအမြန်ဆက်ပြောလိုက်သည်။

"မင်းတစ်ခါစားဖူးပြီပဲ...ဒုတိယအကြိမ်စားချင်‌သေးလား...ဒါမှမဟုတ် bbqပဲသွားစားကြမလား..."

ကျင်းစစ်က သူ့ကိုကြည့်လိုက်ပြီး "ငါ..."

ယင်းကျောင်းက သူ့ဘာသာသူ‌ပြောနေရင်း စကားဖြတ်ပြောလိုက်သည်။

"Bbqအများကြီးစားရင် မင်းကျန်းမာရေးအတွက်မကောင်းဘူး...ထားလိုက်တော့...ကန်တိုနီးအစာပဲစားမလား ကန်တိုနီးစာက ပေါ့ပေါ့ပါးပါးနဲ့ ညစာအတွက်သင့်တော်တယ်..."

ကျင်းစစ်က စားသောက်ဆိုင်သွားစားရန် အချိန်မရှိတော့ကြောင်းပြောချင်သည်။ မဟုတ်လျှင် သူ့တွင် စာကျက်ချိန်ရှိတော့မှာ မဟုတ်ပေ။ ထို့ကြောင့် သူတို့ရိုးရိုးဆိုင်ကလေးမှာပဲ စားလိုက်သင့်သည်။

"ဟင့်အင်း...ကန်တိုနီးစာပဲစားနေရတာ များလာပြီ...ကိုရီးယားစာ စားကြမလား..."

သူက ချက်ချင်းခေါင်းခါကာ ငြင်းဆိုလိုက်သည်။

"ကိုရီးယားစာက မင်းအတွက် မကောင်းဘူး...ဆားရည်စိမ်တွေ...ဒါမှမဟုတ် ဟိုဟာစား..."

ယင်းကျောင်းက ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်သွားရပြီး တားမရဆီးမရ ထရယ်‌တော့သည်။

သူ အရယ်ရပ်လိုက်ပြီး ကြောင်ငမ်းနေသည့် ကျင်းစစ်၏မျက်လုံးအောက်မှာပင် လက်ထဲကအထုပ်ကို မြေပြင်ပေါ်သို့ပြစ်ချလိုက်ပြီး လမ်းဘေးမှသစ်ပင်ဆီသို့ သူ့ကိုအသာတွန်းလိုက်သည်။

ကျင်းစစ် ဘာမှပြန်တုံ့ပြန်လိုက်နိုင်သဖြင့် ယင်းကျောင်းအား သံသယဖြင့်မေးလိုက်မိသည်။

"မင်းဘာလုပ်တာလဲ..."

ယင်းကျောင်းက ဘာမှမပြော။

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now