ကိုယ့်ရဲ့အလိမ်အညာစကားများသည် ဦးရဲ့ဒေါသကို ပိုပိုပြီး တိုးစေလာပုံရလေသည်။ ဒယ်ဒီကဖုန်းဆက်ထားပြီးဆိုထဲက ပြဿနာရဲ့အပေါ်ယံအကြောင်းတရားကို ဦးသိသွားပြီပဲ။ ဒါကြောင့်ပဲ အိမ်ကိုချက်ချင်းပြန်လာပုံရသည်။ စိုးရိမ်စိတ်ဖြင့် အိမ်ပြန်လာသူကို ဒီလိုပုံစံဖြင့်ကြိုဆိုလိုက်မိ၏။ ဦးရဲ့စိုးရိမ်စိတ်တွေက ဒေါသအဖြစ် အရှိန်အဟုန်ပြင်းပြင်းဖြင့်ပြောင်းသွားရကာ ကိုယ့်ပခုံးနှစ်ဖက်ကိုသူ့လက်နှစ်ဖက်ဖြင့်
ခပ်တင်းတင်းဆုပ်ကိုင်ရင်း ခန္ဓာကိုယ်ကိုဆွဲခါနေလေတော့သည်။

" ပြောစမ်းအခု မင်းကိုဘယ်သူပြောလိုက်တာလဲ ဘာပြောလိုက်တာလဲ အမှန်တိုင်းတစ်လုံးမကျန်ပြန်ပြောစမ်း ပါးစပ်ပိတ်မထားနဲ့လို့အရူးလေးရဲ့ "

ပင်ပန်းနေသည်စိတ်ခံစားမှုတွေကြောင့် ခန္ဓာကိုယ်ကိုဆွဲခါခံရသည့်အခါ လူကမူးဝေလာရတော့သည်။ ရုတ်ချည်းပင် ဦးရဲ့ခါးတွေကိုလက်နှစ်ဖက်ဖြင့်သိုင်းဖက်လိုက်ပြီး ရင်ခွင်ထဲခေါင်းတိုးဝင်လိုက်မိ၏။ ထိန်းထားသည့်ငိုချင်စိတ်လည်းလွတ်ထွက်သွားရကာ ခိုလှုံနေသည့်ရင်ခွင်ထဲအရောက် အင့်ခနဲတစ်ချက်ရှိုက်ကာငိုလိုက်မိတော့၏။

" အဲ ... အဲလိုမလုပ်ပါနဲ့ သားခေါင်းတွေမူးတယ် "

မိဘတွေနဲ့သာသုံးဖူးသည့် သားဆိုသည့်နာမ်စားကိုသုံးလိုက် မိသည့်အခါ ဒါကပဲ ဦးရဲ့ဒေါသတွေကို ရပ်တန့်သွားစေပုံရလေသည်။ ချက်ချင်းပင် ကိုယ့်ကိုသူ့ရင်ခွင်ထဲထည့်ပြီးသိုင်းဖက်ပေးလာ၏။

" ကိုယ်တောင်းပန်တယ်နော် တကယ်တောင်းပန်ပါတယ်ကလေးရယ် ။ခေါင်းအရမ်းမူးနေလား ဆရာဝန်ခေါ်လိုက် ...."

" ဟင့်အင်း သားကိုဒီလိုလေးဖက်ထားပေး "

" ဟုတ်ကဲ့ပါ ကိုယ်ဖက်ထားပေးမှာမို့ လှဲအိပ်လိုက်နော် ။ ကလေးလေးကလိမ္မာတယ် ။ အခု ဘာမှမပြောချင်ရင်လဲ မပြောလို့ရတယ်။ ကလေးစိတ်ထဲ အဆင်
ပြေမှပြောပြနော်။ ငိုတာတော့မငိုပါနဲ့ ကလေးလေးမောနေမှာပေါ့ "

အိပ်ရာထဲနှစ်ယောက်အတူလှဲအိပ်လိုက်ပြီး ကိုယ့်တစ်ကိုယ်လုံးက ဦးရဲ့ရင်ခွင်ထဲနစ်မြုပ်နေရလေသည်။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now