🍃The Sound Of The Sea🌊//Unicode//

70 9 2
                                    

*For Unicode*

ဝှီးခနဲတိုက်ခတ်လာတဲ့လေပြည်နဲ့အတူပါလာတဲ့‌ပင်လယ်ရနံ့ကိုထယ်ယောင်းတစ်ဝကြီးရှူရှိုက်လိုက်သည်။လတ်ဆတ်တဲ့ရနံ့ကြောင့် ထယ်ယောင်းရဲ့စိတ်တွေလွတ်လပ်ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။

ထိုအချိန်ထယ်ယောင်းဟာ ပင်လယ်အစွန်းမှာရပ်နေရင်းနဲ့ပဲရေထဲကိုအလိုလိုပြုတ်ကျသွားသည်။ထို့နောက်မှာ အရမ်းကိုချိုသာလွန်းတဲ့သီချင်းညည်းသံတစ်ခုဟာ ထယ်ယောင်းရဲ့စိတ်ကိုဖမ်းစားလို့သွားသည်။

အဲ့အချိန်ခဏလေးမှာပါပဲ။အမြဲတမ်းအဲ့အချိန်တိုင်းထယ်ယောင်းက အဲ့အိပ်မက်ကနေလန့်နိုးလာတတ်သည်။ဒီအိပ်မက်ဟာထယ်ယောင်းနေ့တိုင်းနီးပါးမက်နေကြအိပ်မက်တစ်ခု။

အိပ်မက်တိုင်းဒီနေရာမှာတင်အဆုံးသတ်သွားသည်ဆိုသည်လည်းမဟုတ်...။တစ်ခါတစ်လေ
ကျတော့လည်း မိန်းကလေးတစ်ယောက်ပါသေးသည်။အသေအချာကွဲပြားနေသည်တော့မဟုတ်..မိန်းကလေးတစ်ယောက်ဆိုတာကိုတော့ထယ်ယောင်းကျိန်းသေသိနေခဲ့သည်။

တကယ်ပဲအိပ်မက်ကဘာပြောချင်နေတာလဲ။
သူကြားနေရတဲ့သီချင်းညည်းသံကရောဘယ်သူ့အသံလဲ...ထပ်မံပြီးဝင်ရောက်လာတဲ့ကြိမ်ဖန်ထပ်နေတဲ့မေးခွန်းတွေကိုလျစ်လျူရှုကနာရီကိုလှမ်းကြည့်လိုက်သည်။

..မနက်၂နာရီ။

ပင်လယ်ကြီးကအသံတွေ..။
အိပ်မက်ထဲကကောင်မလေး..။
တကယ်ပဲမင်းဘယ်သူလဲငါသိချင်မိတယ်။

The Next day..

Taehyung
"ဒါကဘယ်နေရာလဲ"

Jimin
'ဟ..ဒါကဆိုးလ်လေမင်းနေတာဖြင့်၁၀စုနှစ်တစ်ခုလောက်ရှိတော့မယ်အခုထိမသိသေးဘူးလား"

Taehyung
"မဟုတ်ဘူး..ဒီဓာတ်ပုံထဲမှာ မင်းနဲ့ငါရိုက်ထားတဲ့ကမ်းပါးကိုပြောတာ"

Jimin
"အဲ့တာ ဘူဆန်ငါ့မွေးရပ်မြေကိုမင်းလာလည်တုန်းကလာ ပင်လယ်မှာရိုက်ထားတာအဲ့တုန်းကမင်းတောင်ရေနစ်သွားလို့လိုက်ကယ်ရသေးတယ် ငါတို့အထက်တန်းကျောင်းသားအရွယ်ပဲရှိသေးတယ်"

Taehyung
"ဒီကမ်းပါးကတကယ်ရှိနေတာပေါ့"

Jimin
"မင်းမမှတ်မိဘူးလား"

For My Lovely Panda And Su Pyae[Birthday present 🎁]Where stories live. Discover now