""အင်း ပီရော ဒါနဲ့ ဂျီမင်းက တစ်ယောက်ထဲနော် ဟိုဖတ်ကျောင်းမှာ အဆင်ကော ပြေရဲ့လားမသိဖူး တစ်ယောက်ထဲ အားများငယ်နေမလား မသိဖူး""

""အင်း ဂျီလေးက ပျော်တတ်ပြီး လူတိုင်းချစ်အောင်နေတတ်တာပဲလေ အဆင်ပြေမှာပါ""

ဂျွန်းရဲ့ ထောက်ခံမှု့ကို ဂျောင်းကု ခေါင်ရမ်းလိုက်ပြီး မထင်ပါ ဂျီမင်းရဲ့ အတွင်းစိတ်က အားငယ်တတ်သလို အပေါင်းအသင်မင်ပေမယ့် အပေါ်ယံပဲပေါင်းတတ်တာ သူသိတယ် အပြင်ပိုင်သာ Happy virus ဖြစ်တာ တကယ်က သူအရမ်းဝမ်းနည်းတတ်တာ ဂျောင်းကု ထိုင်ရာမှ ဆော့တို့ဖတ် လှည့်လာခဲ့လိုက်သည်

""ဆော့ ဂျွန်း ငါမေဂျာ ပြောင်းချင်တယ် ငါ့အမှတ်လည်မှီတာပဲကို""

""ဟမ်းးကျောင်းတောင်ဖွင့်ပြီးကို ဘယ်ကမေဂျာပြောင်းမလို့လဲ""

""အေးလေ ကျောင်းအပ်တုန်းက ပြောင်းတာက ဟုတ်သေးတယ် အခုမှထပြီး မေဂျာပြောင်းရအောင် လွယ်တာကျနေတာပဲ""

""နေပါဦး မင်းကဘယ်မေဂျာကို ပြောင်းချင်တာလဲ""

""IT""

ဂျောင်းကု အဖြေကြောင့် ဆော့ နဲ့ဂျွန်း တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြ၏

""ဂျီမင်းကြောင့်လား""

""ငါ သူ့ကို စိတ်မချဖူး""

""ဘာကို စိတ်မချတာလဲ ဂျောင်းကု ""

ဂျွန်းအမေးကို ကော်ဖီခွက်ကို စိုက်ကြည့်နေပြီး စကားပြန်မလာသော သူကြောင့် နှစ်ယောက်သာ အူယားသွားခဲ့သည်

""မင်းကလည် ဂျီမင်း ကလေးမှမဟုတ်တာ ဘာစိတ်မချစရာရှိလဲ ပီတော့ IT ဖတ်က ကောင်းမလေတွေက လုံးဝအလန်း ဟရောင်ရေ အဲ့ကျောင်းက နာမည်ကြီး လုံးဝ ဆရာကြီးတွေပဲ ယောက်ကျားလေးပဲ ကြည့်ကြည့် မိန်ကလေးပဲကြည့်ကြည့် အင်းးးဂျီမင်း ပုံစံလေးကလည် ချစ်စရာကောင်းတော့ လိပ်ပြာ တွေက ဝဲနေမှာပဲ နော့""

""ဘာလို့ ဝဲရမှာလည် အရေးမပါတာ""

""ဟာ ဂျီမင်းက နဂိုအလန်းဇယားလေကွာ ငါတို့ မင်းတို့နဲ့မှမတူတာ ""

မြူးကြွပြီး ပြောနေတဲ့ ဟိုဆော့ကို ဆွဲထိုးပစ်ချင်စိတ်ပေါက်ကာ ဘုကြည့်ကြည့်လိုက်ပြီး နူတ်တောင် မဆက်နိုင်ပဲ ကျောပိုးလွယ်အိတ်ကို ဆွဲပြီး နေရာက ထထွက်သွားခဲ့သည်

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now