Friend. I Can Fly Zg

580 10 1
                                    

တော်ရဲ့ သူ ( I Can Fly Tomorrow)EP 1

$$$##

အော်ဟစ်ဆဲဆို ပြောဆိုသော အသံသဲသဲကို ကြားလိုက်ရပြီး ဂျောင်းကုအဖေ မူးလာပြီးဆိုတာ ဂျီမင်းသိလိုက်တာမို့ သူ့အခန်းလိုက်ကာကြားကနေ ချောင်းကြည့်လိုက်မိသည် ဂျောင်ကုအခန်းမီးငြိမ်းသွားခဲ့ကာ ကုတင်ပေါ် စောင်နဲ့လုံအောင်ပုန်နေတော့မယ်မှန်ကျတော်သိလိုက်တယ် သူအိပ်ခြင်ဟန်ဆောင်တော့မယ်ဆိုတာလည် သူ့ကိုငယ်ကတည်းကပေါင်းသင်းလာတဲ့ ကျတော် ပတ်ဂျီမင်းက အသိဆုံးပါ

ဂျွန်းဂျောင်းကုနဲ့ ကျတော်က တစ်မြို့ထဲသား တစ်ရပ်ကွက်ထဲ အိမ်ခြင်းကပ်ရက်နေကြတယ် ကျနော်က ဂျောင်းကုထက် တစ်နှစ်ကြီးပေမယ့် အိမ်အပြောင်းအရွှ့မှာ ကျတော်က မူလတန်းကို နှစ်ခါတတ်ရတာကြောင့် ဂျောင်းကုနဲ့တစ်ခန်းထဲ ဖြစ်သွားရုံလေးပါ

မီးပိတ်သွားတဲ့ အခန်းကိုကြည့်ပြီး ဂျီမင်းစားကြည့်စားပွဲ ထိုင်နေပေမယ့် စိတ်ကမပါတော့ တာမို့ အခန်းမီး ပိတ်ပြီး အိပ်ယာဝင်လာခဲ့လိုက်သည်

ဂျောင်းကု ပြတင်တံခါးကနေ မြင်နေရတဲ့ လိုက်ကာအနောက်က ပုံရိပ်လေးကို အမှောင်ထဲကနေ ငေးကြည့်နေမိခဲ့တာ အချိန်ဘယ်လောက်ကြာသွားလဲ မသိပါ ဂျီမင်းစားပွဲကနေထသွားတဲ့အရိပ်လေးနဲ့အတူ မီးပိတ်သွားမှ သူလည် အိပ်ယာပေါ်ပြန်တတ်လာခဲ့ပြီး အိပ်စက်လိုက်သည်

""ဂျီမင်း ထတော့ ကျောင်းနောက်ကျမယ် ထထ""

ပြောရင်း စောင်ဆွဲယူသွားတဲ့ မာတာမိခင်ကြောင့် ဂျီမင်း စောင်ပြန်ဆွဲယူပြီး

""အားးးခန ခန အိပ်ခြင်းသေးတယ်""

""ဟဲ့ ဘာခန လည် ထ ခနပေါင်း များနေပြီး""

""ဟာ မေမေကလည် ""

ပြောရင်း တစ်ဖတ်လိမ့်သွားသူကြောင့် ဒေါ်ပန်းရုံ ညအိပ်ဝတ်စုံနဲ့ လုံးထွက်နေသော တင်ပါးတို့ကို လက်ဝါးနဲ့ ရိုက်ပစ်လိုက်သည်

ဖြန်းးးးးး

""အားးးးးးဟာ တကယ်ပဲ အိပ်ခြင်းပါတယ်ဆို ""

အရိုက်ခံရတော့ အိပ်မှုန်စုံမွှာ ထထိုင်လိုက်ပြီး မျက်လုံးအိမ်က မပွင့်နိုင်စွာ ယိုင်းထိုးနေသည်

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now