"ဟုတ်ပါ့ မတွေ့ရတာ‌ကြာတော့ မတွေ့ချင်တော့ဘူးကွယ်"
ဆိုပီး ပြန်ချေလာတာ သူမျက်နှာ လျှပ်ခနဲ ပျက်ယွင်းသွားတယ်
ဒါပေမဲ့ သူမြန်မြန်ပဲ ရုပ်တည်လိုက်ပီး မဲ့ပြုံးနဲ့ ကျွန်မတို့ကို ကျောခိုင်းပီး ထွက်သွားတယ်။

"ဟူးးးး ဟေမာရယ် အခုမှ ကျောင်းစတက်တာ Day 1 ပဲရှိသေးတယ် ရန်မစကြပါနဲ့"

"ဟာာ မြင့်မိုရ် နင်လည်းမြင်သားနဲ့ သူက သပ်သပ်မဲ့ ရန်လာစတဲ့သဘောကြီးလေ"

"မဟုတ်ဘူးလား"ဆိုပီး မေးငေါ့ပီး လဝန်းနဲ့ သွန်းတို့ကိုစစ်ကူတောင်းတယ်

လဝန်းကတော့

"ဟုတ်တယ်လေ ဒါပေမဲ့ ပြဿနာမဖြစ်တာ အကောင်းဆုံးပါဟာ"

သွန်းကဗျာကတော့ ခေါင်းယမ်းပီး စုတ်တချက်ထိုးလိုက်တယ်

"ဟဲ့ အချိန်ကိုလည်းကြည့်ဦး ကျောင်းပြန်တက်တော့မယ်" မြင့်မိုရ် ကပြောတော့

"ဟိုလေ ငါတို့ဒီနေ့က ပထမဆုံးနေ့ဆိုတော့
လျှောက်လည်ရင်ကောင်းမလားလို့" မျက်နှာချိုသွေးပီး မေးလိုက်တာ

"ဘာ!"

"အမယ်လေး လန့်လိုက်တာ သွန်းရယ်"

"အခုမှ ကျောင်းစတက်တဲ့ရက်ကို အခုကတည်းက ပြေးချင်နေပီပေါ့"

"မဟုတ်ပါဘူး ဒီအတိုင်း နင်တို့လည်း ပျင်းနေမလားလို့ပါဟာ နင်ကလည်း"

"မရဘူး လုံးဝမရဘူး စာပဲလုပ်ရမယ်"

တကယ်ပါ သွန်းကဗျာက ရွယ်တူပေမဲ့ လပိုင်းကြီးတော့
အမတယောက်လိုပါ  အခုလည်းကြည့် သူထိန်းနေရတာ ဒီသုံးယောက်ကို

"အေ ငါလည်းပျင်းနေတာ ဟဲ့ နင်နဲ့ငါသွားမလား
လဝန်းနဲ့သွန်းကို ထားခဲ့မယ်လေ"

"အေ နင်လည်း ပျင်းနေပီမလား အဲ့တာကြောင့်
ကိုယ့်သူငယ်ချင်းလေး ပျင်းနေမှာစိုးလို့ ပြောနေတာကို အလိုက်ကန်းဆိုးကို မသိဘူး"

"အမယ်လေးဟယ် အဲ့လောက်ထိ သွားချင်နေရင် သွားကြနော် ငါမတားနိုင်တော့ဘူး"

"အဲ့ဆိုသွားပီနော် တာ့တာ"

"အေ ကြွကြွ"

သူတို့နှစ်ယောက်ကို ထားခဲ့ရော ။

I Fell In Love At First Sight Tahanan ng mga kuwento. Tumuklas ngayon