သူ့နေပုံထိုင်ပုံလေးက တကယ်ချစ်စရာလေး
သူ့ကိုဆို လိုက်နေတဲ့သူတွေတောင်ရှိတယ်။

အမြဲတမ်း သူ့ခုံအောက်မှာ စာတို့ မုန့်တို့ အအေးတို့ ရှိနေတက်တယ် အမယ်လေး သွန်းကဗျာကလေ အဲ့‌လို ရှုပ်ရှုပ်ရှပ်ရှပ်တွေ မကြိုက်ဘူး။

အမှိုက်ပုံးထဲတော့ သူက မလွှတ်ပစ်ဘူး သူများကိုကျွေးပစ်တာ

"ဒါတွေက သူတို့ရှာထားတဲ့ပိုက်ဆံတွေမှ မဟုတ်တာ သူတို့မိဘတွေရှာထားတာလေ"

"ငါက အဲ့ဒီ သူတို့မိဘရှာထားတာတွေကိုတော့ အမှိုက်ပုံး‌ထဲထည့်ရင် ကိုယ်ချင်းမစာနာဘူးဖြစ်ဦးမယ်"

"ဝဋ်လည်းမလည်ချင်ဘူး ဘယ်နှယ့် မိဘပိုက်ဆံကို လိမ်ပီးသုံးတဲ့ဟာတွေ တစက်မှကို မကောင်းဘူး"

ဆိုပီး သူခမျာ တရားတွေထိုင်ဟောနေတာ အလွတ်တောင်ရနေပီ။

သူအရပ်နဲ့တင် မိန်းကလေးတွေတောင် ကြွေဆင်းတယ် ကိုယ်တွေနဲ့ မတိမ်းမယိမ်းပါပဲ
၅ပေ ၆ကျော်တယ်။

အဲ့ထဲမှာ ပုတာကတော့ လဝန်းပေါ့ ၅ပေ ၃လက်မပဲ ရှိတယ် အမယ် သူကပုတာပဲနော် ဆိုပြီး အထင်မသေးလိုက်နဲ့ စာဆို အသေလုပ်တာ သူ့ကိုလည်း မကြွေတဲ့သူတွေ မရှိဘူး။

သူ စာကြည့်တိုက်ရောက်ပီဆိုရင် ကျောင်းသားတွေက ခနခနစာလာထိုင်ဖတ်ကြတာ စာကြည့်တိုက်မှူးတောင် မျက်စိနောက်လို့
လူခနခနလဲရတဲ့အထိပဲ။

မြင့်မိုရ်ကလည်း ခေသူမဟုတ် သူက ဘဲကော စော်ကော ကြည်တယ် ကိုယ်တွေလိုပေါ့ (အမယ် သူ့ကိုယ်သူက မပါမဖြစ် ဟေမာတို့ကတော့လေ)

မြင့်မိုရ်နဲ့က ခင်လာတာကြာပီဆိုတော့ ကိုယ့်အမေတွေ အဖေတွေနဲ့တောင် သိတယ်လေ မဆန်းပါဘူး သူ့မိဘတွေ‌လည်း ချစ်ကြတယ်။

တခါတလေ သူ့အိမ်မှာအိပ်လိုက် ကိုယ့်အိမ်မှာအိပ်လိုက်နဲ့  တကယ် ညီအမအရင်းတွေပဲ
သူစိတ်ကောက်ရင် ကိုယ်လည်း‌မနေနိုင်သလို
ကိုယ်စိတ်ကောက်ရင်လည်း သူလည်းမနေနိုင်
ပါဘူး။

မရတဲ့နည်းနဲ့ချော့ကြတယ် အခုလည်းကြည့်
ကျွန်မကြိုက်တဲ့မုန့်နဲ့လာချော့တာလေ။

အစကတော့ အိုက်တင် ခံမို့ပဲ ဒါပေမဲ့ စားစရာဆို‌တော့ ဟေမာတို့က ဟန်မဆောင်နိုင်တော့ဘူး
လေ ။

"ဘာလဲ နင်တို့က ငါ့ကို မုန့်နဲ့လာချော့တာလား"

"ပြောပါဦး ဘာလို့စိတ်ကောက်နေရတာလဲ"

လဝန်းကပါ ကြားထဲက ဝင်ပြောလာတော့

"နင်တို့က ဘာလို့ ငါ့ကို အတူတူသွားဖို့ မခေါ်တာလဲ"ဆိုပီး ထမင်းစားရင်းနဲ့ပြောတော့

"ဟဲ့ အော် နင့်ကိုပြောထားတယ်လေ gp ထဲမှာ
နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပီး နင်ပဲပြောပီး နင်ပဲ နောက်ကျတာလေ"

"......."

"‌ဘယ်ကကောင်လေးနဲ့ chat နေတာမို့ အိပ်ရာထနောက်ကျနေတာလဲ"

"နင်ရူးနေလား ငါ့ဘာသာ ဂိမ်းရှုံးလို့ ဆော့ရင်းနဲ့ အိပ်ပျော်သွားတာပါဟာ"

"ကောင်လေးလည်းမရှိပါဘူး ဘာမှမရှိပါဘူး"
လို့ပြောမှ အမှုစစ်တာခနလေးနဲ့ ပီးသွားတော့တယ်

မဟုတ်ရင် ထမင်းကစားရတော့မှာမဟုတ်တော့ဘူး

ကျွန်မလည်း သတိရသွားတော့တယ် ခုနကကောင်မလေးကို သူတို့ကိုမေးဖို့က  သိကောသိပါ့မလားဆိုပီး မမေးတော့ပါဘူးလေ

ထမင်းစားပီး ကျောင်းပတ်တဲ့အဖွဲ့ကပါ နောက်တမျိုးပြောရရင် Queen လေးယောက် လှုပ်ရှားတဲ့အချိန်ပေါ့

အဲ့အချိန်ဆိုရင် သူ့လူနဲ့သူရှိကြတာပေါ့ အမယ်လေး ကျွန်မတို့ကိုမြင်ဖို့ မုန့်စားချိန်ဆင်းကတည်းက ရောက်နေတက်တာမျိုး

တချို့က မနာလိုတဲ့သူတွေရှိကြတာပေါ့ ကျွန်မတို့ ထွက်လာပီဆိုရင် သူတို့က အလိုလိုနေရင်း
မျက်မှောက်ကြီးကြုတ်လို့ ဘီလူးမတောင် အမေပြန်ခေါ်ရတဲ့အဆင့်ထိပဲ။

I Fell In Love At First Sight Where stories live. Discover now