သူငယ်ချင်းတွေကတော့ မြင့်မိုရ်၊လဝန်းနဲ့ သွန်းကဗျာပဲဖြစ်သည်။
(နောက်မှ သူတို့အကြောင်း ပြောပြပါမယ်နော်)

သူတို့ကလည်း

"ဟေမာ နင်တော့ သွားပီ"

ဆိုပီးသွားကြီးစိပီး ရီပြနေတာ အမြင်ကပ်စရာ မတတ်နိုင်ဘူးလေ ခံရတော့မှာပေါ့

"ငါတော့သေပါပီ"

ဆိုပီ မျက်နှာလေးကို ပြုံးပြလိုက်သည်။

"မြန်မြန်ထိုင် ပထမဆုံးရက်ဆိုတော့ ခွင့်လွှတ်လိုက်မယ် နောက်တခါ မမြင်ချင်ဘူးနော်"

"ဟုတ် တီချယ်"

ဟေမာလည်း နောက်ဆုံးခုံမှာထိုင်ပီး စာအုပ်လေးထုတ်လိုက်တယ် သူတို့ကို စိတ်ကောက်ဖို့ အတန်းရဲ့နောက်ဆုံးခံမှာထိုင်သည်။ ဒါပေမဲ့ ရှာနေတာတခုရှိတယ် အခုထိမတွေ့သေး အဲ့တာ ဘောပင်အိတ် ဟာ ငါ့ဘောပင်အိတ်မပါလာဘူးထင်တယ်။

သေလိုက်ပါတော့လား လယ်ထွန်သွား နွားမေ့ဆိုတဲ့အတိုင်းပဲ လို့တွေးနေတဲ့အချိန်မှာအနားကိုလူတယောက်ရောက်လာသည်။ သူက......။

သူက နှာတံစင်းစင်းအသားဖြူတယ် မျက်လုံးလေးက စူးရှတဲ့အကြည့်တွေပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက် ဆံပင်က ရင်ထိရှိတယ် ဆံမြိတ်လေးနဲ့ မြင်တဲ့သူတိုင်း ငေးရလောက်တဲ့အထိ ချစ်ဖို့ကောင်းတဲ့သူ  Uniform ဝတ်ထားတာတောင် သူက ဘယ်မြန်မာဝတ်စုံနဲ့ပဲ ဝတ်ဝတ် လှတဲ့ မိန်းကလေးလို့ စိတ်ထဲမှာ မှတ်ချက်ပြုမိတယ်

သူ့ဘောပင်အိတ်လေးပေးလာတယ်

"ကြည့်ရတာ လိုမယ်ထင်တယ်"

"ဟုတ် ဟုတ်ပါတယ်  ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်"

"ရပါတယ် ဒါနဲ့ ခင်လို့ရမလား"

သူက ကိုယ့်ကိုခင်လို့ရမလားလို့မေးတော့ ဟေမာတို့ကလည်း အဖော်မက်တာနဲ့အတော်ပဲ

"ဟုတ် ခင်လို့ရပါတယ် ဒါနဲ့ ဒီမှာထိုင်လို့ရပါတယ်နော်"

လို့ပြောတော့ ခပ်ချေချေပဲဝင်ထိုင်လိုက်တယ်
ဘာလဲဟ သူကဘာအချိုးလဲပေါ့ စောနကဖြင့်
သူမဟုတ်တဲ့အတိုင်းပဲဆိုပီး ကိုယ့်ဘာသာ အေးဆေးနေလိုက်သည်။

ဗိုက်ကဆာလာရော မနက်ကဖြင့် ကမန်းကတန်း ထွက်လာတယ်ဆိုတော့ ဆာမှန်းတောင်မသိဘူး အမေပြင်ထားတဲ့ထမင်းဘူးလေးကို ထုပ်ပီး စားပွဲအောက်မှာ ထားထားတယ် အချိန်ကိုလည်းကြည့်တော့ စာသင်ချိန်ပီးဖို့နီးနေပီလေ ဟေမာတို့ကဆာနေပီလေ။

မထူးပါဘူး ခနလေးပဲဟာ အောင့်လိုက်မှာပေါ့လို့ မျက်စိကစားရင်းနဲ့ သူ့ကိုရော စကားသွားပြောဖို့ကြည့်လိုက်တဲ့အချိန်မှာ

ဝိုးးးးးးမျက်မှန်အဝိုင်းလေးနဲ့ စာကိုစိတ်ဝင်တစားလုပ်နေတာ သူမျက်မှန်အောက်ကျလာတော့ ပင့်တင်ရင်းနဲ့ ကိုယ်တောင် မှင်သက်သွားတယ် ဗိုက်ဆာတာကိုတောင် မေ့သွားတယ်

ဘယ်လိုပြောရမလဲ မျက်မှန်ပင့်တင်တာတောင် ‌ဆွဲဆောင်မှုရှိတာ
ကိုယ့်ကိုကိုယ်တောင် လိပ်ပြာလေးတွေ လွင့်သွားသလို ခံစားရတာ

ထူးဆန်းတာ ဘာလို့ မိန်းကလေးတယောက်ကို ကိုယ်က ဘာလို့ဒီလိုဖြစ်နေရတာလဲ ကိုယ့်ကိုယ်တောင် ပြန်မေးနေရတယ်

"ဟို ဟိုလေ ဗိုက် ဗိုက်မဆာဘူးလား" မေးတော့

ခေါင်းပဲ ယမ်းပီး စာဆက်လုပ်နေတယ် ဘာလဲဟ
တသတ်လုံး ကိုယ်က ချေလာတာကို အခုကိုယ်က အချေ ခံလိုက်ရတာလား။

I Fell In Love At First Sight Where stories live. Discover now