အခန်း 31

172 19 0
                                    


အခန်း 31

"မငိုနဲ့တော့။ မင်းထပ်ငိုရင် ငါ ပါမင်းနဲ့အတူ ငိုမိ တော့မယ် မင်းကြားရဲ့လား"

‌နင်အာ အံ့ဩသွား၏။

ငါငိုရင် မင်းလည်း ငိုလိမ့်မယ်တဲ့... ရှောင်ပေါ်ဟန် မင်းက ကလေးလား?

နင်အာသည် မျက်ရည်များဝဲကာ ပြုံးလိုက်သည်။

သူ့ရယ်သံကိုကြားတော့ ရှောင်ပေါ်ဟန် သက်ပြင်းတစ်ချက်ချလိုက်သည်။

‌နင်အာ ၏ အသံသည် အက်ရှနေပြီး ငိုနေသည့် အရိပ်အမြွက် ဖြစ်သော်လည်း သူက
"မင်းငိုတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ရှောင်ပေါ်ဟန်၊ မင်းရော ငိုချင်နေတာလား"

ရှောင်ပေါ်ဟန် က အံ့ဩသွားပြီး သူ့ကို ငုံ့ကြည့်လာ၏။

‌နင်အာ က "ငါငိုရင် မင်းလည်း ငိုမှာဆို။ အခု ငါငိုတော့ မင်းလည်း ငိုသင့်တယ် မလား"

ရှောင်ပေါ်ဟန် က မျက်ရည်တွေကို ညှစ်ထုတ်ဖို့အကြာကြီး   ကြိုးစားပေမယ့် မျက်ရည်ကကျမလာ။ သူ့အမူအရာက ထူးဆန်းပြီး ရယ်စရာကောင်းနေ၏။

       
‌နင်အာ သည် ယခုအချိန်တွင် တကယ်ကို ကြည်နူးနေမိသည်။

ဘယ်လိုကိစ္စတွေကြုံခဲ့နေပါစေ အခုမပြုံးဘဲမနေနိုင်။

       
ငိုနေတဲ့ ရှောင်အာ့ ကနူးညံ့ပြီး သနားစရာကောင်းပြီး အထူးဝမ်းနည်းစရာကောင်းတဲ့ပုံပေါက်ပေမယ့် မငိုတဲ့ရှောင်အာ့ ကတော့ အရမ်းချစ်စရာကောင်းလှသည်။နင်အာ  မငိုတာက ပိုကောင်းသည်ပင်။ အကယ်၍ ရှောင်အာ့သာ ဆက်ငိုနေမယ်ဆိုရင် သူလည်း တကယ်ငိုမိမှာပဲလေ။

‌နင်အာ က ရှောင်ပေါ်ဟန် ရဲ့ အိပ်ရာပေါ်မှာ ထိုင်ပြီး

   "မားပြောတာ မှန်တယ်၊မင်းကဒီမှာ ကျောင်းမတက်ဘဲနဲ့ နိုင်ငံခြားမှာပဲ ကောလိပ်တက်မယ်လို့ အမြဲတွေးခဲ့တယ်၊ မင်းဒီမှာပဲ ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။"

ရှောင်ပေါ်ဟန် - "မင်းအမေပြောတာမှန်တယ်"

‌နင်အာ က "မင်းနဲ့ယှဉ်ဖို့ ငါတကယ်အရည်အချင်းမရှိဘူး၊ မင်းတစ်နေ့လုံးကစားပဲကစားနိုင်ပြီး စာမကျက်ဘူး ဆိုပေမယ့် ငါတော့ ခက်ခက်ခဲခဲ နဲ့ စာကျက်ရမယ်။"

A LITTLE LOVE SONG {Complete} Dove le storie prendono vita. Scoprilo ora