ကံထူးရှင်စာရင်းကို ထုတ်ပြန်ခဲ့စဉ်တုန်းက Weibo တရားဝင်အကောင့်၏ တာဝန်ခံ၀န်ထမ်းများသည် ယွီချင့်ဟွမ်၏အကောင့်ကို အလွန်ရင်းနှီးနေသည်ဟု ခံစားခဲ့ရသော်လည်း အရမ်းကြီးအလေးအနက်မထားမိခဲ့။ မည်သို့ဆိုစေ ဘယ်အနုပညာရှင်ကမှ lucky draw အစီအစဉ်မှာ ပါဝင်မည်မဟုတ်ချေ။  ဆုများက ကွန်ဒုံးနှင့် လိင်ကစားစရာများဆိုရင်တော့ဖြင့် ဆိုဖွယ်ရာမရှိပြီ။

အဆိုပါအကြောင်းအရာ Hot Search ထဲရောက်သွားတော့မှ လူတွေပြောနေကြတဲ့ အဆိုပါကံထူးရှင်မောင်ခင် မစ်စတာယွီဆိုတာ ယွီချင့်ဟွမ်ကိုယ်တိုင်ဖြစ်နေသည်ကို အက်မင်များသတိပြုမိသွားတော့သည်။ ထိုအခိုက် အက်မင်တောင်မနေနိုင်တော့ဘဲ လူအများနဲ့ပူးပေါင်းကာ ယွီချင့်ဟွမ်ကို စနောက်ကျီစယ်မိတော့သည်။ 

ယွီရှင်း ယွီချင့်ဟွမ်ကိုလာရှာသောအခါ အကြင်သူကနံနက်စာသုံးဆောင်နေခဲ့သည်။ သူ့အိမ်က မီးဖိုချောင်သုံးပစ္စည်းများက အသစ်စက်စက်ဖြစ်နေတာမို့ ယွီချင့်ဟွမ်လက်တွေကိုယားလာစေပြီး အရသာရှိတဲ့မနက်စာအလျှံပယ်ကို မနေနိုင်မထိုင်နိုင်လုပ်မိတော့သည်။ 

ဒီလိုအရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေ စားပွဲဝိုင်းအပြည့် တည်ခင်းထားတာကို ပုံမှန်ချိန်များမှာသာ ယွီရှင်းတွေ့လိုက်မိရင် ဘာတုံ့ဆိုင်းမှုမှမရှိ ဆွေ့ခနဲဝင်စားလိုက်မည်သာ။ 

သို့သော် ယခုအခါမှာတော့ ယွီချင့်ဟွမ် သူ့ကိုထိုင်ရန်လှမ်းခေါ်နေတောင်မှ သူကနေရာမှာရပ်နေဆဲဖြစ်ကာ တစ်ဖက်လူမှတစ်ခုခုတော့မှားနေပြီဟု ခံစားလာရသည်အထိ အလွန်ထူးဆန်းတဲ့အကြည့်နှင့် ယွီချင့်ဟွမ်အားကြည့်နေမိသည်။ 

နောက်ဆုံးမှာ ယွီချင့်ဟွမ် မနေနိုင်တော့ဘဲမေးမိလိုက်၏။ “ကော ကျွန်တော့်ကို ဘာဖြစ်လို့ ဒီလိုမျိုးကြီးကြည့်နေတာလဲ?”

ယွီချင့်ဟွမ် သူ့မျက်နှာသူထိကြည့်ပြီး မေးလာသည်။

“ကျွန်တော့်မျက်နှာပေါ်မှာ တစ်ခုခုရှိနေလား? ”

“မဟုတ်ဘူး” ယွီရှင်း၏အမူအရာမှာ အဓိပ္ပါယ်ဖော်ရန် အတော်လေးခက်ခဲနက်နဲနေ၏။ သနားဂရုဏာသက်နေသလိုလည်းထင်ရပြီး သူတပါးဒုက္ခရောက်နေသည်ကို အားရဝမ်းသာဖြစ်နေပုံလည်းပေါက်၏။

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now