နန်းဆက်ကအိမ်သို့ တော်တော်ညနက်မှပြန်ရောက်လာခဲ့သည်။သက်တန့်က မအိပ်သေးပဲကုတင်ပေါ်တွင်ထိုင်ရင်း စာအုပ်တစ်အုပ်ကိုဖတ်နေခြင်းအားတွေ့လိုက်ရသဖြင့်နန်းဆက်ကစကားဆိုသည်။
“Honey....အခုအချိန်အထိ မအိပ်သေးဘူးလား။ဘာလုပ်နေတာလဲ"
“ရှင်ပြန်မလာမချင်း သက်တန့်အိပ်မပျော်နိုင်ဘူး နန်းဆက်"
သက်တန့်၏စကားကို နန်းဆက်ကရယ်မောလိုက်ရင်း သက်တန့်အနီးသို့လျှောက်လာခဲ့သည်။သက်တန့်၏ဆံနွယ်လေးများကိုသပ်တင်ပေးလိုက်ရင်းနှုတ်ခမ်းကိုကိုင်တွယ်၍နန်းဆက်မေးသည်။
“ကိုယ်မရှိရင် မင်းအိပ်မပျော်ရတဲ့အကြောင်းတွေကိုယ့်ကိုရှင်းပြစမ်းပါ"
ထိုစကားကိုဆိုပြီးသောအခါနန်းဆက်ကသက်တန့်၏မျက်နှာကိုပြီတီတီဖြင့်ကြည့်နေသဖြင့်သက်တန့်အော်လိုက်မိသည်။
“ရှင်ဘာဖြစ်နေတာလဲ"
“မင်းအိပ်ပျော်အောင်လုပ်ပေးမလို့ စဉ်းစားနေတာလေ"
သက်တန့်ကစာအုပ်ကိုကိုင်၍ထိုင်နေရင်းပြန်ပြောလိုက်သည်။
“အချိုးမပြေတဲ့ပုံစံလုပ်မနေနဲ့ နန်းဆက်။ရှင့်ကို သက်တန့်စိတ်ပူနေရတာလေ....ဘယ်ရောက်နေလဲ....ဘာဖြစ်နေလဲ....ဘာလုပ်နေလဲ....ဆိုပြီး..."
သက်တန့်၏စကားမဆုံးခင် နန်းဆက်ကသက်တန့်၏ကိုယ်ပေါ်သို့တက်ဖိထားလိုက်သည်။
“နန်းဆက်....."
“မင်းကိုမြင်ရင် ကိုယ်ဘာတွေဖြစ်လာလဲမသိဘူး Honey။ကိုယ်ဘာမှမလုပ်နိုင်လောက်အောင် အင်အားမဲ့သလိုခံစားလာရတယ်"
“အဲ့ဒီလောက်အထိလား နန်းဆက်"
“ဟုတ်တယ်။ကိုယ်အခုရေချိုးမလို့။ဒါပေမယ့်အဝတ်အစားတွေချွတ်ဖို့တောင် အင်အားမရှိတော့သလို ခံစားရတယ်။မင်းကိုယ့်ကို မကူညီချင်ဘူးလား"
“ရှင်က သက်တန့်ကိုကူညီစေချင်တယ်ပေါ့"
“အင်း....”
သက်တန့်ကပြောရင်း နန်းဆက်၏အပေါ်ထပ်အင်္ကျီကိုကော်လာမှကိုင်၍လက်မောင်းတစ်လျှောက်ခပ်ကြမ်းကြမ်းဆွဲချလိုက်သည်။
YOU ARE READING
LET ME OWN YOU.....!!RAINBOW TOWER
Fantasy(Complete) ပိုင်ဆိုင်ခွင့်ပြုပါသက်တန့်မျှော်စင် 💗💗💗💗💗💗💗 နန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးစုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်...