"သက်.. သက် .. ခင်ပြောနေတာကော ကြားရဲ့လား"
ခင့်ရဲ့ အသံကြောင့် သက်ရဲ့ အတွေးတွေ
လွင့်ပျယ်သွားရသည်..
"ဟင် ဘာပြောလိုက်တာလဲ ခင်"
"နွယ်က သက်နဲ့တွေ့ချင်တယ်လို့ပြောတယ်.. သက်အားတဲ့ တစ်ရက်ရက်ပေါ့..အဲတာ သက် နွယ့်ကိုလည်း
ဆက်သွယ်လိုက်ပါဦး..နွယ်လည်း သက်ကို သတိရနေရှာတာ"
သတိရတယ်တဲ့လား.. ဟုတ်ကောဟုတ်ရဲ့လား နွယ်ရယ်.. မချစ်ဘူးလို့ ငြင်းဆိုခဲ့တာမလား...
သူငယ်ချင်း တစ်ယောက်ကို သတိရခြင်းမျိုးလား.. သက်ကတော့ လွမ်းနေခဲ့ရတာလေ...နွယ်ရဲ့ အပြုံးတွေ နွယ်ရဲ့ အငွေ့အသက်တွေ အို.. နွယ်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို မေ့မရခဲ့ပါဘူး..
ကိုယ့်ကို မချစ်နိုင်တဲ့သူတစ်ယောက်ကို စူးစူးနစ်နစ် ချစ်မိခဲ့တာကပဲ မှားတာပါလို့ နွယ်ပြောခဲ့တယ်..
သို့ပေမယ့် နွယ့်အပေါ်ထားတဲ့ သက်ရဲ့ ချစ်ခြင်းတွေကို အမှားလို့ သက်ဘယ်တော့မှ မထင်ခဲ့ဘူး...
"သက် အဆင်ပြေရဲ့လား မျက်နှာလေးက ဖြူဖျော့နေတာပဲ"
"ခင် သက် ပင်ပန်းနေလို့ နားချင်တယ်..နောက်မှ အေးဆေး ပြောကြမယ်နော်"
ခင် ရိပ်မိလိုက်ပါသည်..နွယ်နှင့် သက်ရဲ့ အကြောင်း တွေကို ပြန်သတိရသွားသည် ထင်ပါရဲ့.
"အင်းပါ..ဒါဆို သက် နားတော့လေ. ခင်လည်း
ပြန်လိုက်တော့မယ်. နောက်နေ့မှ ထပ်လာခဲ့မယ်နော်"
ခင်မူယာ ပြန်သွားတော့ သက်လည်း အခန်းတွင်းသို့ ဝင်ခဲ့ကာ နွယ်ပေးထားဖူးခဲ့သည့် လက်ဆောင်လေးကို
ကြည့်ရင်း အတိတ်တွေဆီ အတွေးနယ်ချဲ့နေလိုက်လေ
သည်..
————————————————————————
" ကဲ ရော့.."
" ဟင် ဘာလေးလဲ နွယ်"
" ဖွင့်ကြည့်လိုက်ပေါ့ သက်ရဲ့ .. ဒါက နွယ်ချစ်ရတဲ့ သက်အတွက် မွေးနေ့လက်ဆောင်"
နွယ် ရဲ့ အပြောကြောင့် သက် ရင်ခုန်မိသွားသည်..
ချစ်ရတဲ့သက် ဆိုပဲ.. ဖမ်းစားလွန်းပါဘိ နွယ်ရယ်..
နွယ် နှင့် သက်ဟာ ခင်မူယာ မိတ်ဆက်ပေးရာက ခင်မင်ခဲ့ကြသည့် သူငယ်ချင်းနှစ်ဦးပေါ့.. ခင်မင်ပြီး သိပ်မကြာ
ခင်မှာပဲ သက်တို့ နှစ်ယောက်ဟာ စိတ်ထားတွေ တိုက်ဆိုင် တူညီနေမှုတွေကြောင့် ပိုပိုပြီးရင်းနှီးလာကြတယ်..နွယ့်
ဘက်က ခံစားချက်ကို မသိပေမယ့် ဒီမကြာသေးတဲ့ ကာလအတွင်းမှာပဲ ကျွန်မဟာ နွယ့်ကို သိသိသာသာ ခံစားချက်တွေ ပိုလာခဲ့ရသည်လေ..
မိန်းကလေး တစ်ယောက်က အခြား မိန်းကလေးတစ်
ယောက်ကို ဒီလိုပဲ ခပ်မြန်မြန်ဆန်ဆန် သဘောကျမိသွားတာဟာ ပုံမှန်ပဲလားဆိုတာ ကျွန်မ မသိပါဘူး.. ကျွန်မ နွယ့်ကို သဘောကျမိတာကတော့ ပုံမှန်ပါပဲလေ..နွယ်ဟာ သိပ်ကို ချောတာကို နွယ်ဟာ ညို့မှိုင်းနွယ် ဆိုတဲ့ နာမည်
နှင့် သိပ်ကို လိုက် ဖက်ပါရဲ့..လူကို ညို့ယူဖမ်းစားနိုင်ပြီး နွယ်ကြိုးတွေနှင့် ရုန်းမထွက်နိုင်အောင် ချည်နှောင်
လိုက်သလိုပါပဲ.
လူတွေနှင့် အပေါင်းအသင်းမလုပ်တတ် ကြောက်တတ်တဲ့ ကျွန်မကို နွယ်ဟာ စစတွေ့ချင်းမှာပဲ စွဲလမ်းသွားအောင် လုပ်နိုင်ခဲ့တယ်..
YOU ARE READING
တစ်ဖက်သတ်
Romanceအချစ်ဟောင်းကို တစ်ခေါက်ဆုံးရှုံးခဲ့ရတဲ့ 'သက်' ဟာ ပြန်ပိုင်ဆိုင်ရဖို့ ကြိုးစားမှာလား... သို့မဟုတ် အချစ်သစ်ကိုပဲ ရှာဖွေမှာလား ဆိုတာ..
Part 1
Start from the beginning
