မနက်ဖြန်အတွက် လေယာဉ်လက်မှတ်ကို အခုကတည်းက ကြိုဖြတ်ထားရင် အရမ်းကဲလွန်းရာ ကျနေမလား။မနက်ဖြန်ကျမှ လေယာဉ်လက်မှတ်မရရင်ရော။

"ဟယ်လို ကျွန်တော် Kim ပါ ကျွန်တော့်အတွက် ဂျပန်မှာစီးဖို့ကားတစ်စီး စီစဉ်ပေးလို့ရမလား"

မတက်နိုင်ဘူး။အချစ်အတွက် ရှိသမျှအကုန်ထုတ်သုံးရတော့မှာပဲ။
အဖွားဖြစ်သူက ယောလေးနဲ့လက်ထပ်စေချင်ခဲ့တယ်။Daeyoungကတော့ ငြင်းဖို့အခွင့်မသာခဲ့ပေမယ့် ယောလေးဘက်က စငြင်းခဲ့တယ်။အဲ့တုန်းက Daeyoung တစ်ယောက် Rikuနဲ့စကားအကြီးအကျယ်များပြီး အဘွားဆန္ဒအတိုင်းလုပ်ဖို့ ကိုရီးယားကိုပြန်လာခဲ့တုန်းက။ယောလေး က စကားတစ်ခွန်းတည်းနဲ့ မင်္ဂလာပွဲကိုငြင်းတယ်။

"အခုလက်ထပ်ပွဲက အဘိုးရဲ့ကုမ္ပဏီမှာ ဦးစီးမယ့်သူမရှိလို့ အကိုနဲ့နှစ်ယောက်အတူဦးစီးစေချင်လို့မို့လား လက်မထပ်ပဲနဲ့လဲ ဦးစီးလို့ရတာပဲလေ ပြီးတော့ အကိုကို ယောလေးအကိုအဖြစ်နဲ့ပဲ ရှိစေချင်တာမို့ ငြင်းပါရစေ"

ပြီးတော့ Daeyoung နဲ့ယောလေးတို့ နှစ်ယောက်တည်းစကားပြောဖြစ်တော့ ယောလေးက ဒီလိုပြောပြန်တယ်။

"အချစ်ကိုပဲလွမ်းဆွတ်ရင်း ဘဝနိဂုံးချုပ်သွားရတဲ့ အဘိုးအဖြစ်ကိုကြည့်ပြီး ယောလေးသိပ်သနားတာပဲ အကို့ကိုတော့ အဲ့လိုမဖြစ်စေချင်ဘူး သွားပါ အကိုချစ်တဲ့သူဆီ"

Daeyoung က ခေါင်းခါခဲ့တယ်။ချစ်တဲ့သူဆီပြန်မသွားတော့ဘူး။နောက်တစ်ခါ ထပ်အစွန့်ပစ်ခံရမှာကို ကြောက်တယ်။နှစ်ခါ အစွန့်ပစ်ခံခဲ့ရတဲ့သူက Daeyoung မို့ အနာက မကျက်သေးဘူး။ဒီအတိုင်း အချိန်တစ်ခုကို စောင့်ပြီးမှ အချစ်ရှေ့ကို သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ဒါပေမယ့် ၆လလောက်ကြာပြီးတော့ အိုဆာကာကို နောက်တစ်ခေါက် သွားကြည့်သေးတယ်။အရင်အိမ်မှာ Rikuမနေတော့ဘူးတဲ့။အိမ်ရ‌ှင်အဒေါ်ကြီးက အိမ်ကို တစ်ခြားတစ်ယောက်ဆီ ငှားမယ်လုပ်နေတာနဲ့ ပိုက်ဆံပိုပေးပြီး တစ်ခြားသူကို မငှားပစ်ဖို့ တောင်းဆိုခဲ့တယ်။

နှစ်တိုင်း ဖူကူအီကို ပြန်လာဖြစ်တယ်။ပြန်လာတိုင်း ဘေးအိမ်က ကောင်လေးများရောက်နှင့်လေမလားမျှော်တယ်။ဒါပေမယ့် အိုဆာကာထိတော့ လိုက်မကြည့်ဖြစ်ခဲ့ဘူး။အခုတော့ အချစ်နဲ့တွေ့ဖို့ အချိန်ကျပြီထင်ပါတယ်။

SILENCEWhere stories live. Discover now