Part - 23 ( Uni )

Start from the beginning
                                    

" နောက်တစ်ခေါက်ပြန်လာရမှာစိုးရင်၊ သိပ်လဲအရေးမကြီးရင် လက်မှတ်ထိုးရမဲ့နေရာတွေ ကျွန်တော့်ကိုပြခဲ့ပြီး ထားခဲ့လိုက် ပါလား။ ကျွန်တော် သေချာလေးပြောပြလိုက်ပါမယ်"

" ရပါတယ် မထားခဲ့တော့ဘူး၊ ကျွန်မတို့ဌာနဘက်က တစ် ချို့ကိစ္စလေးတွေလဲ တင်ပြစရာရှိနေတော့လေ။ ပြီးမှပဲထပ် လာခဲ့တော့မယ် ခွင့်ပြုပါအုံးရှင့် "

" အော် ဟုတ်ကဲ့ပါ "

အမျိုးသမီးဝန်ထမ်းက နှုတ်ဆက်စကားဆိုရင်း အခန်းပြင်ထွက်သွားသည့်အချိန်မှ

" အာ မေ့နေတယ် ဒီအစ်မနဲ့ထည့်ပေးလိုက်ရင် ရတာပဲဟာ"

တစ်ယောက်ထဲရေရွတ်လိုက်ရင်း ထမင်းချိုင့်တွေထည့်ထားသည့်ဆွဲခြင်းဆီပြေးသွားလိုက်သည်။ ပြီးတာနဲ့ ဆွဲခြင်းထဲမှာရှိသည့် ဘူးကြီးတစ်ဘူးကိုယူလိုက်၏။ ရာသီဥတုအရမ်းပူနေတာကြောင့် ဦးအတွက် ဖရဲသီးချိုချိုလေးခွဲထည့်လာရင်း ဝန်ထမ်းတွေအတွက်ပါ အများကြီးထည့်ယူလာခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီကောင်းစွာလည်ပတ်နိုင်ဖို့အတွက် အထောက်အပံ့ပေးနေသော ဝန်ထမ်းတွေအားလုံးအပေါ် ကိုယ်က ချစ်ခင်လေးစားသည်။ သူတို့ကြောင့်သာ ကိုယ်ချစ်ရသူက အလုပ်တွေကို စိတ်အေးလက်အေးလုပ်နိုင်တာမဟုတ်လား။

ဖရဲသီးထည့်ထားသည့်ဘူးကြီးကိုပိုက်ကာ အခန်းပြင်သို့အမြန်ထွက်လာခဲ့သည်။ အချိန်အနည်းငယ်ကြာသွားတာကြောင့် စောစောကလာသည့် ဝန်ထမ်းအစ်မကိုမတွေ့ရတော့ချေ။ ဒါကြောင့်ပဲ အခြားဝန်ထမ်းတစ်ဦးဦးကို တွေ့လိုတွေ့ငြားရှာကြည့်မိ၏။ ကုမ္ပဏီလျှောက်လမ်းအတိုင်းလျှောက်နေရင်း လမ်းချိုးနေရာအရောက်တွင် စကားသံတီးတိုးကိုကြားလိုက်ရ၏။ အရင်ထဲက နားပါးလွန်းလှသည့်သူမို့ စကားသံထဲတွင်
ကိုယ့်နာမည်တစ်စွန်းတစ်စကိုကြားလိုက်ရတာကြောင့် ခြေလှမ်းတို့ရပ်တန့်သွားမိတော့သည်။

" အဲဒီသျှန်းအံံ့ဆိုလား အဲတစ်ယောက်က နေရာတကာပါတယ်နော်"

" အေးဟယ် သူ့ကိုသူ ဘာထင်နေလဲမသိပါဘူး "

" ဒါဆို နင် နောက်တစ်ခေါက်သွားရမှာပေါ့"

" CEO Meeting ပြီးတဲ့အချိန် သွားရမှာပေါ့ ။Project ကိစ္စတွေတင်ပြစရာရှိသေးတယ် ။
အဲဒါကို ဟိုတစ်ယောက်ကဘာမသိညာမသိနဲ့ လက်မှတ်ထိုးစရာရှိရင် သူနဲ့ထားခဲ့ပါလား
ပြောနေလို့ စကားစဖြတ်လာရတယ်"

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now