အပိုင်း(26)

Start from the beginning
                                    

''သြော်...''

ခါရူးပြောလိုက်တော့ သြော် ဆိူတဲ့စကားတစ်ခွန်းသာပြောပြီး မျက်နှာ လေးက အောက်ကိုပြန်ငုံသွားသည်။ဒီလိုပုံစံလေး ဖြစ်နေတော့ ခါရူးကထားမသွားရက်တော့ပေ။ အောက်ငုံ့နေတဲ့မျက်နှာလေးကိုလက်နဲ့ပင့်ယူပြီး မျက်လုံးချင်းဆုံစေလိုက်သည်။ပြီးကာမှ

''ဟုတ်ပြီ အဲ့တာဆို ကိုယ်ဘယ်မှမသွားတော့ဘူးနော်ဟုတ်ပြီလား''

''ဟုတ်ကဲ့..''

''တရေးလောက်အိပ်လိုက်ဦးလေနော် တစ်မနက်လုံးပင်ပန်းထားရတာဆိုတော့.ခနနားလိုက်ဦး''

''အရှင်ကရော...''

''ကိုယ်က မိုရာ့ဘေးမှာ ထိုင်စောင့်နေပေးမယ်လေ''

''ဟင့်အင်.. အရှင်ပါတူတူအိပ်လေနော်''

ဒီလိုမျက်နှာလေးငယ်သွားရင်ကို မငြင်းရက်နိုင်တာသိနေတော့ဒါနဲ့ပဲ ကိုင်ပေါက်နေသလိုပင်။နောက်ဆုံးတော့မိုရာ့ရဲ့သဘောအတိုင်း အတူတူသာအိပ်လိုက်ရသည်။ခါရူးရဲ့လက်ကိုခေါင်းအုံးပြီးအသက်ရှုသံမှန်မှန်လေးနဲ့အိပ်ပျော်နေတဲ့မိုရာ့ကိုကြည့်ရင်းခါရူးလဲမျက်လုံးကိုမှိတ်ချလိုက်သည်။ သူလဲ တနေကုန် လူရောစိတ်ရော ပင်ပန်းနေပြီဆိုတော့အနားယူဖို့လိုနေပြီလေ။ အဆောင်ထဲက ဇနီးမောင်နှံက အေးချမ်းစွာအိပ်ပျော်နေပေမဲ့မအေးချမ်းနိုင်တဲ့သူတွေက အဖမ်းခံထားရတဲ့ နာရာနဲ့အန်ဒရူးပင်ဖြစ်သည်။

အန်ဒရူး ကြားရတဲ့သတင်းတွေကိုခုထိမယုံကြည်နိူင်သေးပေ။ဒီစကားတွေက နာရာ ရဲ့ပါးစပ်ကနေထွက်တာပါလို့ သူ့ရဲ့တပည့်တစ်ယောက်ကမပြောခဲ့ရင်သူယူံမှာမဟုတ်ပေ။အခုတော့ သူ့အဖြစ်ကိုသူပြန်တွေးပြီး ဟားတိုက်သာရီချင်တော့သည်။ကိုယ်ကတော့သူ့ကိုချစ်လို့အမြဲသူ့စကားအတိုင်းတစ်ခွန်းမကျန်တစ်သဝေမတိမ်းလိုက်လုပ်ပေးခဲ့ပေမဲ့ သူကတော့ ကိုယ့်ကိုတစ်ချိန်လုံးစိတ်ကြိုက်ကစားနေတာဖြစ်သည်။အတုအယောင်တွေကိုအစစ်အမှန်အထင်နဲ့သူသာယာနေခဲ့တာဖြစ်သည်။တစ်ချိန်လူံးခိုင်းဖက်ဖြစ်နေတာကိုမသိပဲ ပျော်ရွှင်နေခဲ့တာဖြစ်သည်။ကလေးလေးရလာတုန်းကလဲဖခင်ဖြစ်ရတော့မယ်ဆိူပြီး အတိုင်းမသိဝမ်းသာခဲ့ရတာဖြစ်သည်။အခုတော့အကုန်လုံးက နာရာ့ရဲ့လှည့်စားမှူတွေပင်ဖြစ်သည်။သူ့ရဲ့အချစ်ကိုလှည့်စားပြီး သူ့ကိုသစ္စာဖောက်တဲ့လူကိုဘယ်နည်းနဲ့မှခွင့်မလွှတ်နိုင်ပေ။ထိုအချိန်မှာပဲ ခါရူးရဲ့ တပ်သားတွေကနာရာ့ကို အချုပ်ခန်းထဲကိုထည့်လိုက်ပြီးပြန်ထွက်သွားတာကိုမြင်လိုက်ရတာမို့လို့ နာရာ့ရဲ့အနားကို​ခြေလှမ်းကျဲကြီးများဖြင့်လျှောက်သွားပြီးလက်ကို​မြှောက်ကာ

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now