Part 24🚨🚨🚨(Uni+ZW)

Start from the beginning
                                        

"သူများတွေကိုမပြောပြနဲ့အုံးBaby သူတို့ကသစ္စာဖောက်တွေဖြစ်နေနိုင်တယ်"

"ဟုတ် Darling"

တစ်ဖက်ကနေထက်မြင့်တို့သည်လည်း လွတ်မြောက်ရန်အတွက်စဥ်းစားနေရသည်၊၊

"ကျွန်တော်သွားမယ်....."

"ပိုင်....."

"ဘာလဲ ခများကလူကုန်ကူးတဲ့အထဲမှာပါသွားချင်လို့လား"

ဝေဖြိုးပိုင်အော်လိုက်သည့်အခါ နေထက်မြင့်အသံတိတ်သွားသည်၊၊ခနကြာမှ

"သတိထားနော်....."

ဝေဖြိုးပိုင်လည်းပြုံးလိုက်ပြီး ချက်ခြင်းသူလုပ်ရမည့်အလုပ်အားလုပ်ဆောင်တော့သည်၊၊

ဘုန်း!ဘုန်း!ဘုန်း!

"ကျွန်တော့်ကိုတံခါးဖွင့်ပေး!!ကျွန်တော်အလေးသွားချင်လို့!!!"

တံခါးသည်အချိန်အတော်တန်ကြာမဖွင့်ပေးလာသော်လည်း ဝေဖြိုးပိုင်သည်လက်မလျှော့ဘဲဆက်ထုနေဆဲဖြစ်သည်၊၊(တံခါးနော် တံခါး🌚)

တဖက်လူမှာလည်း ဝေဖြိုးပိုင်အသံကြောင့်စိတ်ရှုပ်သွားသည်ထင် စကားပြန်ပြောလာသည်၊၊

"မင်းနာမည်ဘယ်သူလဲ"

"ဟမ်...."

ရုတ်တရက်နာမည်ထမေးသည့်လူကြောင့် ပိုင့်မှာအကြောင်သား၊၊

"မင်းနာမည်မပြောရင် ငါမင်းကိုတံခါးမဖွင့်ပေးဘူးနော်....."

"ခ....ခနခန...ဟို ဝေဖြိုးပိုင်ပါ...."

ထိုအခါမှထိုလူဟာ ပြာပြာသလဲတံခါးဖွင့်ပေးလာသည်၊၊ကျန်သည့်သူများတောင်အံ့သြသွားရသည်၊၊

"အဟမ်း မင်းသွားလေငါအနောက်ကလိုက်ခဲ့ပေးမယ်"

"ဟုတ်ကဲ့"

ထို့နောက်ထိုလူကရေအိမ်ရှိသည့်ဘက်အား လမ်းပြကာအနောက်မှလိုက်သည်၊၊ဝေဖြိုးပိုင်ကအရှေ့မှသွားနေရသည်၊၊ထို့နောက်ရေအိမ်ရောက်သောအခါ

"အ....အစ်ကို...."

"ပြော"

"ဟိုလေ....ဒီရေအိမ်ထဲမှာနည်းနည်းမှောင်နေလို့.....ဓာတ်မီးဖြစ်ဖြစ် ဖုန်းမီးဖြစ်ဖြစ်ပေးပါလား...."

My love is Paing(Complete)Where stories live. Discover now