start

620 63 8
                                    

မှန်​ရှေ့ထက် တည်ရှိ​နေခဲ့တဲ့သူဟာ မလှုပ်မယှက်။ မှန်ထဲမှာ မြင်​နေရတဲ့သူ့ကို ​သေချာသတိထားကြည့်မိလျှင်​တော့ တည်ငြိမ်​​နေသည်ဟုထင်​နေရတဲ့ သူ့မျက်ဝန်း​တွေမှာ တစ်ချိန်တုန်းက​တော့ တလက်လက်​တောက်ပ​နေခဲ့တဲ့ ကြယ်မျက်လုံး​တွေလိုမျိုး ဖြစ်ခဲ့ဖူးသည်။

တည်တံ့နေတဲ့မျက်နှာထားမှာလည်း အရင်က​တော့ ကိုယ်ပိုင်ပါးချိုင့်​တွေ​ပေါ်​အောင်အထိ လွတ်လွတ်လပ်လပ်ပြုံးရယ်ဖူးခဲ့တဲ့ အလွန်မှချစ်စရာ​ကောင်းတဲ့အသွင်ရှိခဲ့ဖူးတယ်။

ကာယကံရှင်ကိုယ်တိုင်က မှန်ထဲကသူ့ကိုယ်သူကို သတိထားကြည့်မိ​တော့ ခပ်​ဆွေး​ဆွေးမျက်ဝန်း​တွေက သိသာထင်ရှားလွန်း​နေပြီး ဝမ်းနည်းမှူ​တွေလွှမ်း​မိုးနေ​ကြောင်း မြင်​နေရတယ်။

အခုအချိန်မှာ သူဝတ်ဆင်ထားတဲ့ အဝတ်အစားလှလှ​တွေက​တောင်မှ သူ့ရဲ့ဝမ်းနည်းမှု​တွေကို မဖုံးကွယ်​ပေးနိုင်​နေဘူးပဲ။

" ​ဝန်း​လေး .. "

အ​နောက်ဘက်မှ ​နိမ့်​နေတဲ့လေသံကိုကြားလိုက်ရတဲ့အခါ သူ့ခန္ဓာကိုယ်လေးက တုန်တက်သွားတယ်။ အ​တွေးလွန်​နေတဲ့သူ့အ​နေနဲ့ နာမည်​ခေါ်သံကို ရုတ်တရက်ကြားလိုက်ရတာ​ကြောင့် အခုလိုမျိုးလန့်သွားရခြင်းပင်။

သတိဝင်လာတာနဲ့တစ်ပြိုင်နက် သူဟာ ​ကျော​ပေးထားရာမှ အ​နောက်ကိုပြန်လှည့်လိုက်တယ်။

ဒီ​နေ့ရဲ့ အဓိကဇာတ်​ဆောင်လို့ သိသာ​လောက်တဲ့အထိ ခပ်​ချော​ချောရုပ်ရည်နဲ့အမျိုးသား။
လန်တင်ထားတဲ့ ဆံပင်​တွေ​ကြောင့် ဖုံးထားလို့မရနိုင်​တော့တဲ့ နှာဖူးပြင်ကျယ်မှာ မလိုအပ်ပဲပြီးပြည့်စုံ​နေ​သေးတယ်။ ထင်ရှား​နေတဲ့ jawline မှာလည်း မြင်သူတိုင်း​ငေးရ​လောက်ပြီး ရုပ်ရည်က​တော့ ထည့်မ​ပြောလည်း ပုံ​ဖော်လို့ရနိုင်တဲ့အထိ​ ခန့်ညား​ချော​မော​နေတဲ့​ယောကျာ်းတစ်​ယောက်ပင်။

မျက်နှာကပဲ ပြီးပြည့်စုံ​နေရင်​တော်​ရော​ပေါ့ ကျစ်လစ်​နေတဲ့ body က သူ့ရဲ့အရှိန်အဝါကို တစ်ဖန်မြှင့်တင်​ပေး​နေပြန်ပြီး မိန်းမပျိုတိုင်းက ထို​ယောကျာ်းကိုမြင်လျှင် သူတို့၏နှလုံးတွေကိုပါ ​​​​ခြွေ​ပေး​လောက်ရတဲ့အထိ အဲ့ဒီလိုမျိုး ကြည့်​ကောင်းပြီးခန့်ညား​နေတဲ့ ​ယောကျာ်းမျိုး။

သို့​ပေမယ့် သူ့ကိုကြည့်​နေတဲ့ ထိုလူရဲ့အကြည့်​တွေမှာ​တော့ လားလားမျှမဆိုင် နူးညံ့​မှုတို့အပြည့်ဖြစ်​နေခဲ့ပါသည်။

" စိတ်လှုပ်ရှား​နေလား "

သူ့လက်​တွေကိုကိုင်ပြီး ​မေးခွန်းထုတ်​နေတဲ့လူက ကိုယ့်ကိုကိုယ်ပဲပြန်​မေး​နေတာလား မသိ​တော့ပါ။ လှုပ်လှုပ်ရှားရှားဖြစ်​နေတဲ့မျက်လုံးအိမ်​တွေနဲ့ ခပ်ပြင်းပြင်းဖြစ်​နေတဲ့အသက်ရှူသံ​တွေ ဂနာမငြိမ်​နေတဲ့​ခြေ​ထောက်​တွေ .. ၊

𝖩𝗎𝗌𝗍 𝗅𝗂𝗄𝖾 𝖦𝗋𝖾𝖾𝗇 𝖥𝗈𝗋𝖾𝗌𝗍 || ᴊᴀʏᴡᴏɴ √Where stories live. Discover now