Chapter - 1 . 1

292 28 2
                                    


{ Murderous Lewellyn's Candlelit Dinner }

Chapter - 1 . 1

နံနက် ၃ နာရီ ၁၆ မိနစ်တွင် နှင်းများထူထပ်စွာကျဆင်းနေသော ခရစ္စမတ်နေ့တွင်တောင်ပိုင်းခရိုင်ရှိ  တစ်စုံတစ်ယောက်သည် Shavonne၏တိုက်ခန်းသို့ အလည်အပတ်ရောက်ရှိလာခဲ့သည်။

ဒေါက် ... ဒေါက်

မှောင်မိုက်နေသောအခန်းအတွင်းရှိတစ်ခုတည်းသောအလင်းရောင်အရင်းအမြစ်မှာ စာမူများ ၊ ဆေးသေတ္တာနှင့် အရက်ပုလင်းများဘေးရှိ စားပွဲခုံပေါ်တွင်ရှိသော ဖယောင်းတိုင်သာဖြစ်သည် ။ လက်နှိပ်စာရေးစက်ပေါ်တွင်သာအာရုံစူးစိုက်ထားသော Shavonne သည်နှစ်မကုန်မှီစာမူကိုအပြီးသတ်နိုင်စေရန်အလို့ငှာ စိတ်နှစ်၍အလုပ်လုပ်နေရရှာသည် ။ အိမ်တံခါးမှာမူအလင်းရောင်မရှိသည့်အမှောင်ထုအတွင်းတည်ရှိသောကြောင့် သံတံခါးလက်ကိုင်မဆိုနှင့် တံခါးအချပ်လိုက်ကြီးကိုပင်မမြင်ရပါချေ ။

ဒေါက် ... ဒေါက်

တံခါးကိုနောက်တစ်ကြိမ်ထပ်မံခေါက်လာသည်မှာ သူနားကြားမှားခြင်းမဟုတ်ပါချေ ။ ထိုတံခါးခေါက်သံသည်ပထမတစ်ကြိမ်ထက်ပို‌၍ရှင်းလင်းလှသည်မှာ ခေါင်းငုံ့၍စာရိုက်နေသည့် Shavonne အားတံခါးဝတွင်လူတစ်ယောက်ရှိနေပါကြောင်းအသိပေးနေသကဲ့သို့ပင် ။

ဘယ်သူလဲ ... ဒီအချိန်ကြီးဘယ်သူလာမှာမို့လို့လဲ ...

သူ၏ချစ်သူဖြစ်သည့် August ၏မျက်နှာသည်သူ၏အာရုံအတွင်းသို့ဝင်လာပါသော်လည်း ခေါင်းခါမိလိုက်သည် ။ Shavonneက ခရစ်စမတ်မှစ၍နှစ်ကုန်သည့်အချိန်အထိဆက်တိုက်အလုပ်များနေလိမ့်မည်ဟုပြောခဲ့သောကြောင့် August ကကလေးတစ်ယောက်ကဲ့သို့စိတ်ကောက်ကာသောင်းကျန်းခဲ့၏ ။ ထိုအချိန်မှစ၍ သူတို့နှစ်ဦး အဆက်အသွယ်မရှိစကားမပြောကြသည်မှာ တစ်ပတ်လုံးလုံးရှိနေပြီဖြစ်သည် ။

ဒေါက် ... ဒေါက် ...

Shavonne ကဖယောင်းတိုင်ခွက်ကိုကောက်ယူပြီးနောက် တံခါးရှိရာသို့လျှောက်သွားလိုက်သည် ။ Shavonne ကဲ့သို့သောသူမျိုးများသည်တံခါးကိုအလျှင်စလိုဖွင့်လေ့မရှိပေ ။ ထို့အစား တံခါးသော့ပေါက်မှ အပြင်ဘက်တွင်မည်သူရှိသနည်းဟုစစ်ဆေးလေ့ရှိသည် ။ သို့သော်လည်း သူမြင်လိုက်ရသည်မှာ တိုက်ခန်း၏လျှောက်လမ်းတစ်လျှောက်တွင်မည်သူမှရှိမနေပါပေ ။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Apr 05 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

Murderous Lewellyn's Candlelit Dinner novel { Myanmar Translation } Hikayelerin yaşadığı yer. Şimdi keşfedin