Part - 22 ( Uni )

Start from the beginning
                                    

ကိုယ်မှလွဲရင်မဖြစ်ပါဘူးဆိုသည့် အသက်၁၈နှစ်အရွယ်လူငယ်လေး၏ ချစ်ပေးနိုင်မှုအပေါ် ကိုယ်တိုင်ပျော်ဝင်လာမိတော့သည်။ ဒါဟာ အတိတ်ကရေစက်တွေကြောင့်များလားလို့
မရဲတရဲနဲ့တွေးကြည့်မိတဲ့အခါ နှလုံးသားတစ်ခုလုံး တသိမ့်သိမ့်တုန်ရတဲ့အထိ ကြည်နူးမှုကိုခံစားကပြန်၏။ ကိုယ်နှင့်ရွယ်တူအခြားသောအမျိုးသမီး ဒါမှမဟုတ် အမျိုးသားတစ်ဦးကို ကိုယ့်ဘဝရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့မည်ဆိုလျှင်တောင် ကိုယ့်ကလေးငယ်လောက် ကိုယ့်အပေါ်ဂရုစိုက်ပေးနိုင်မည်မထင်။

ကိုယ့်ရဲ့တစ်နေ့တာဖြတ်သန်းမှုတို့တွင် ဒီကလေးမပါသည့်အချိန်ဟူ၍မရှိချေ။ ကိုယ်မနက်ပိုင်အိပ်ရာနိုးသည့်အချိန် မျက်နှာသစ် ရေချိုးဖို့ကနေစပြီး မနက်စောစောအစာပြေစာ၊နေ့လည်စာနဲ့ညစာတွေအထိပါ သူ့လက်သူ့ခြေ စီစဉ်ပေးယုံသာမက
ကိုယ့်ရဲ့အောက်ခြေသိမ်းအလုပ်တွေအထိ သူ့ဘာသာလုပ်နေတတ်သည်။ ကိုယ့်ထက်ပင် ပြည့်စုံကြွယ်ဝချမ်းသာသည့်မိသားစုမှ အဖေနှစ်ယောက်၏ ချစ်ရသည့်အဖိုးတန်သားလေသည် ကိုယ့်လိုလူဘေးနားမှာနေရင်း အမျိုးသမီးအိမ်ရှင်မတစ်ယောက်လုပ်ရမည့်အလုပ်တွေအထိ လုပ်ပေးနေတာကိုမြင်ရတော့ အားနာစိတ်ဖြင့် ကရုုဏာလည်းပိုရသည်။

ကိုယ့်အိမ်မှာနေသာသလိုနေပြီသက်သက်သာသာနေဖို့ အမြဲပြောနေရသည့်ဒီကလေးငယ်ကို ဂရုဏာစိတ်မှမြစ်ဖျားခံလာသည့် ချစ်ခြင်းမေတ္တာများ တသွင်သွင်စီးဆင်းလာခဲ့ရတော့သည်။ ကိုယ့်အပေါ်မှာ အရိပ်တကြည့်ကြည့်ရှိလွန်းသည့်
ကလေးငယ်အပေါ် ကိုယ်ကလည်း သူမှလွဲရင်အခြားတစ်ယောက်မလိုချင်တော့ပါဟုဆိုရလောက်အောင်ပင် ြငိတွယ်မိခဲ့တော့သည်။

အခုတော့ အမျိုးသမီးတစ်ဦးကြောင့် ကိုယ့်ကိုစိတ်ခုသွားလေသလား။ အိပ်ပျော်နေသူကတော့ ကိုယ်ရှိရာဘက်သို့စောင်းလာရင်း အသက်ကိုမှန်မှန်ရှူကာအိပ်နေလေ၏။ ဆံပင်ရှည်တွေက ကပိုကရိုဝဲဖြာနေပြီ ခြေကားယားလက်ကားယားလေးဖြင့် စိတ်လွတ်ကိုယ်လွတ်အိပ်နေသူလေး၏ ညဝတ်အကျႌလေးသည် ဗိုက်သားဝင်းဝင်းလေးပေါ်အောင်ပင် လိပ်တက်နေလေ၏။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now