အပိုင်း(25)

1.7K 126 7
                                    

ဆေးဆရာရောက်လာတော့ မိုရာ့ကိုစစ်ဆေးပေးပြီးတဲ့အချိန် အကြားချင်ဆုံးစကားဖြစ်တဲ့ကလေးက အဖတ်မတင်ဘူးဆိုတဲ့စကားအစား ကလေးက ဘာမှ မဖြစ်ဘူးတဲ့လား။မဖြစ်နိုင်တာသူမကိုယ်တိုင်အဲ့ဆေးကိုမရမကရှာပြီးဝယ်ထားရတာ ပြီးတော့ သူမကိုယ်တိုင်သေချာယုံကြည်ရတဲ့လူကိုရှာပြီး သေချာခိုင်းထားတာ ကို အခုကျ ကလေးက ဘာမှမဖြစ်ဘူးတဲ့လား..

''မဖြစ်နိုင်ဘူး...လုံးဝမဖြစ်နိုင်ဘူး''

အကုန်လုံးရဲ့အကြည့်က နာရာ့ဆီရောက်သွားချိန် နာရာကဆေးဆရာဆီ ကိုအပြေးသွားပြီးအကျီစကိုဆွဲကိုင်လှုပ်ကာအရူးမကြီးတစ်ယောက်လိုအော်ဟစ်သောင်းကျန်တော့သည်။

''နင်.မဟုတ်တာတွေမပြောနဲ့..ဘာကိစ္စ​အဲ့
အသုံးမကျတဲ့ကလေးကမသေရတာလဲငါကိုယ်တိုင်ဆေးခပ်ခဲ့တာလေ ငါကိုယ်တိုင်သေချာရှာထားရတာ.. မဟုတ်တာမပြောနဲ့''

ဆေးဆရာကိုအတင်းဆွဲလှုပ်ပြီးပြောဆိူ နေတဲ့နာရာ့ကို အကုန်လုံး က ကြည့်နေတဲ့အချိန်ခနလေးအတွင်းမှာပဲ နာရာရဲ့ဦးတည်ချက်ကဆေးဆရာဆီကနေ ဗိုက်အောင့်တာသက်သာလို့ ငြိမ်ငြိမ်လေး ပြန်ထိုင်နေတဲ့မိုရာ့ဆီကိုရောက်သွားတဲ့အချိန် အကုန်လုံးကမျက်လုံးပြူးသွားသည်။ နာရာက မိုရာ့ဆီကိုပြေးလာကာ

''နင်...နင်သေသင့်တယ်နင့်ကြောင့်အရာအားလုံးဆုံးရှုူံခဲ့ရတာနင့်ကြောင့်...အားးး''

နာရာကပြေးလာနေရင်းနဲ့အနားကတပ်သားတစ်ယောက်ဆီကဓားကိုဆွဲယူပြီး မိုရာ့ဗိူက်တည့်တည့်ကိုထိုးလိုက်သည့်အချိန်အနားမှာရှိတဲ့လူအကုန်လုံး ကြောင်အနေသလို မိုရာကိုယ်တိုင်ကလဲ ကြောက်ကြောက်လန့်လန့်နဲ့မျက်လုံးကိုမှိတ်ပစ်လိုက်သည်။ထိုအချိန်မှာပဲ

''ဖြောင်းးး''

''အာ့~~~''

တစ်ခုခုကိုရိုက်လိုက်တဲ့အသံနဲ့ နာကျင်လို့အော်ညည်းသံကရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာသည်။

ခါရူး နာရာရဲ့ အရူးဆန်ဆန် လုပ်ရပ်တွေကိုကြည့်နေရင်းနဲ့ပိုလို့တောင် သူ့ကိုရွံရှာမုန်းတီးလာသည်။အဲ့အချိန်မှာပဲနာရာက မိုရာ့ဆီကိုဦးတည်ပြီးပြေးလာနေတာကိုမြင်ပေမဲ့ခါရူးကြောင်အစွာကြည့်နေမိသည်။ဒါပေမဲ့ လမ်းခုလတ်ကတပ်သားတစ်ယောက်စီက ဓားကိုဆွဲယူပြီး မိုရာ့ဆီကိုချိန်ရွယ်လိုက်ချိန်မှာတော့ခါရူးရဲ့မျက်လုံးတွေပြာဝေသွားရပြီး ကြောင်အ သွားရသည်။ သတိဝင်လာတဲ့အချိန်မှာပဲ နာရာ့ဆီကိုအမြန်ပြေးပြီး လက်ထဲကဓားကိုရိုက်ချကာ ပါးကိုရိုက်လိုက်သည်။ဘယ်တုန်းကမှ ရိုက်ဖို့မပြောနဲ့လေသံတောင်မာအောင်မပြောတတ်တဲ့ခါရူးက အခုလိုမျိုးရိုက်လိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်မိပေမဲ့ဒီလိုမှမလုပ်ရင် မိုရာနဲ့ကလေးလေး ဒုက္ခရောက်တော့မည်ဖြစ်သည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now