အခန်း 30

174 26 0
                                    


အခန်း 30-

ဤလစဉ်စာမေးပွဲတွင်၊ အထူးကြပ်မတ်အတန်းနှစ်ခုစလုံးသည် အလွန်ညံ့ဖျင်းခဲ့သည်။

အတန်းထဲတွင် ထိပ်တန်း သုံးယောက်က သာမာန်အတန်းများ က သာဖြစ်ကြပြီး ထိပ်တန်းငါးဆယ် အနက် သုံးဆယ်သည် အထူးကြပ်မတ်အတန်း တွင် ရှိပြီး အတန်းထဲရှိ အယောက်သုံးဆယ်မှ အယောက် နှစ်ဆယ်သည် ထိပ်တန်း တစ်ရာ မှ ကျဆင်းသွားသည် ။

တကယ်တော့ သာမန်အတန်းတွေက ရုတ်တရက် အရမ်းတော်လာတာတော့ မဟုတ်ဘူး။ အထူးကြပ်မတ် အတန်းထဲက ကျောင်းသားတွေက စုပေါင်းအမှားတွေ လုပ်ခဲ့ကြပြီး အဲဒါက စာမေးပွဲမဖြေခင်က သင်္ချာပြိုင်ပွဲနဲ့လည်း သက်ဆိုင်သည်ပင်။

တတိယတန်းမှာ အတန်းပိုင်ဆရာ၏ အတန်းဖြစ်သည်။ အတန်းစသည်နှင့် တပြိုင်နက်  မြေထဲပင်လယ်ဘက်မှ လာတဲ့အမျိုးသားက

   "ဒီလစဉ် စာမေးပွဲရဲ့ ရလဒ်ကို သိပ်အလေးအနက်မထားကြနဲ့။ သင်္ချာပြိုင်ပွဲအတွက် နှစ်ပတ်လောက် ပြန်သုံးသပ်ထားကြတာမို့ ပုံမှန်စာမေးပွဲတွေမှာ ခဏလောက် အသုံးမချတတ်ဘူး။ ပုံမှန်ပါပဲ။ အေးအေးဆေးဆေး၊ ဒီနေ့ တော့ ရူပဗေဒ စာမေးပွဲစာရွက်အကြောင်း ပြောကြရအောင်…”

ရှောင်ပေါ်ဟန် က သူ့အတန်းတွင် အဆင့် 19 နှင့် အတန်းထဲတွင် ပဉ္စမအဆင့်ရှိသည်။ ၎င်းက ၎င်း၏နောက်ဆုံးစာသင်နှစ်က ပထမနေရာနှင့် ဝေးသော်လည်း လက်ခံနိုင်သေးသည်။ထို့အပြင် သူ့အဆင့်တွေကို ဘယ်တုန်းကမှလည်း ဂရုမစိုက်ခဲ့။

စင်မြင့်ပေါ်ရှိ ကျောင်းအုပ်ဆရာက ဤရူပဗေဒ စာမေးပွဲစာရွက်ကို ရှင်းပြနေသော်လည်း ရှောင်ပေါ်ဟန် ၏ မျက်လုံးများက သူ့ဘေးနားရှိ လူငယ်လေးဆီသို့ တိတ်တဆိတ် ရွေ့လျားသွားခဲ့သည်။

       ‌နင်အာ သည် ဆရာ့ဟောပြောပွဲကို အေးဆေးတည်ငြိမ်သောအမူအရာဖြင့် နားထောင်နေပြီး အလွန်ဂရုတစိုက်နားထောင်ကာ သူ၏ဗလာ ရူပဗေဒမေးခွန်းစာရွက်ပေါ်တွင် ရံဖန်ရံခါ မှတ်စုများကို ချရေးထားသည်ကို တွေ့ရတော့ သူ အံ့သြသွားသည်။

ရှောင်ပေါ်ဟန် က သူ့ကိုကြည့်နေတာကိုမြင်တော့ ‌နင်အာ က သူ့လက်မောင်းကိုထိပြီး တိုးတိုးလေးပြောလာ၏ "မင်း ဆရာရှင်းပြတာကို သေချာနားထောင်၊ မင်းလည်း အဆင့်လျော့သွားပြီ"

A LITTLE LOVE SONG {Complete} Where stories live. Discover now