"လူလေး မလိုက်ဘူးလား "
"ဟုတ် ဦလေး"
ကားဆရာဦးလေးကြီးက မေးလာလို့ ပြန်ဖြေလိုက်၏ ။
"အတူလိုက်တဲ့ လူလေးကို စောင့်နေတာလား ..ဒီမှတ်တိုင်မှာ ဒီကားက နောက်ဆုံးနော် "
"ဟုတ် ...ရတယ် ဦလေး "
ယွန်းဂီ ခဏစဉ်းစားပြီးမှ သက်ပြင်းချကာ ပြန်ဖြေလိုက်၏ ။ကားထွက်သွားတာကိုကြည့်ရင်း တကယ်လို့ရောက်မလာရင်ဆိုတဲ့ အတွေးက တွေးမိပြန်၏ ။ ကင်မ်ထယ်ယောင်းလေးက တကယ် ရှုပ်သည် ။ အခုနောက်ပိုင်း ကျွန်တော့်အတွေးတွေ ပိုရှုပ်ထွေးအောင် လုပ်တတ်၏ ။
နာရီကြည့်လိုက်တော့ ၆နာရီ ၁၂မိနစ်ဆိုပေမယ့် ထပ်စောင့်နေမိ၏ ။ မောမောပန်းပန်းနဲ့ ပြေးလွှားလာရမယ့်ကလေးကို ထပ်မစောင့်ပေးတာမျိုး မဖြစ်ချင်တော့ဘူး ။
"ဦးလေးငယ် ! "
အော်ခေါ်သံကြောင့် လှမ်းကြည့်လိုက်တော့ တကယ်ပဲ ကလေးငယ်ဖြစ်နေ၏ ။ပြေးလာတဲ့ ထယ်ယောင်းက ထိုင်နေတဲ့ ယွန်းဂီဒူးပေါ်ကို လက်ထောက်လိုက်တာကြောင့် သူ့မျက်နှာနဲ့ ယွန်းဂီမျက်နှာလေးက အနီးကပ် တတန်းတည်းဖြစ်သွား၏ ။ နီးကပ်နေလွန်းတာကြောင့် ထယ်ယောင်း နဖူးစပ်က ချွေးစက်လေးတွေတောင် တွေ့နေရ၏ ။ အသက်ပြင်းပြင်းရှူနေတဲ့ထယ်ယောင်းကြောင့် ယွန်းဂီမျက်နှာကိုတောင် အသက်ရှုထုပ်လိုက်တဲ့ လေနွေးနွေးက လာရောက်ထိခတ်နေ၏ ။ယွန်းဂီ ထယ်ယောင်းကို ကြည့်နေရင်း အသက်ရှုအောင့်ထားမိလိုက်တယ် ။
"တော်သေးတယ် မစောင့်တော့ပဲ ပြန်သွားပြီမှတ်နေတာ "
ယောင်းငယ်က ကြည့်ပြ်ီးပြောလာ၏ ။ ယွန်းဂီ ကိုယ်ကို နည်းနည်းနောက်ဆုတ်လိုက်ကာ
"ဖယ်အုံး ..."
ယွန်းဂီပြောလိုက်တော့မှ ထယ်ယောင်းက မတ်တပ်ရပ်လိုက်၏ ။ ယွန်းဂီထပြီး တခြားဖက်ကို ကြည့်လိုက်ကာ
"မင်းကိုစောင့်နေတာ မဟုတ်ဘူး ..နောက်ထပ်လာမဲ့ကား စောင့်နေတာ ..ဒီနေ့ကျောင်းက နောက်ကျလို့ "
ယွန်းဂီပြောလိုက်တော့ ထယ်ယောင်း ထိုင်ခုံမှာ ထိုင်လိုက်ကာ
![](https://img.wattpad.com/cover/234644930-288-k809672.jpg)
Part-13
En başından başla