"မြူဆွယ်တယ်ဟုတ်လား?... အန်တီ့သားက မြူဆွယ်စရာတောင်မလိုဖူး သူ့ဘာသာ အိမ်ပေါ်ခေါ်တင်ထားတာ"
"နင်...ငါဘယ်သူလဲဆိုတာ နင်သိလား မသေချင်ရင်စကားပြောပြင်လိုက်! နင်ကရုပ်လေးဗန်းပြပြီး ငါ့သားနားမှာ ကပ်ပြားတကောင်လို ကပ်နေတာ နင်မရှက်ဘူးလား တောက်စ်!"
ဒေါ်ရို့စ်ရှန်က ရတုလက်ကို ဆွဲကာ စံအိမ်အပြင်ဘက်ကိုခေါ်လာသည်။
"နင်လာစမ်း! ရွံစရာကောင် !"
"အာ့ နာတယ် လွှတ်...."
စံအိမ်အပြင်ဘက်ကို ဒေါ်ရို့စ်ရှန်က ရတုကို တွန်းထုတ်လိုက်ပြီး
"ငါ့သားနဲ့ဝေးဝေးနေ... အမလေး ကြားလို့မှကောင်းသေးရဲ့လား မိန်းမတယောက်ဆို လက်ခံသေးတယ် ဘာရင်ခုန်စရာမှမရှိတဲ့ သားအိမ်မပါတဲ့ကောင်ကိုမှ အိမ်ပေါ်ခေါ်တင်ထားရတယ်လို့!"
ဒေါ်ရို့စ်ရှန်ကပြောချင်ရာပြောပြီးသည်နှင့် စံအိမ်တံခါးအား ပိတ်လိုက်သည်။
ရတုက ရိုက်ခံလိုက်ရတဲ့ ပါးကိုကိုင်ကာ ထိုနေရာမှ ထွက်လာ၏။
မနေရတော့လဲကောင်းတာပေါ့ ငါလဲ ပတ်သက်ချင်နေတာမှမဟုတ်တာ! အကြောင်းရှိလို့သာနေနေရတာကို!
"အားရိုးရိုး ငါ့ပါးလေးနာသွားပြီ"
>>>>>>>>>>>>>>>>
ဩဆက် ရှယ်ရာရှင်တွေနဲ့အတူ ညစာစားနေခြင်း၊ အိမ်ပြန်နောက်ကျတာမို့ ဒီချိန်ဆို ဟိုလူကြီးမျှော်နေမယ်ထင်၊
"CEO ဩဆက်က နာရီကိုဘဲကြည့်နေတယ် အိမ်က အမျိုးသမီးက မျှော်နေမှာဆိုးလို့လား"
"ဘယ်လို... CEOက မိန်းမရနေပြီလား "
ရှယ်ရာရှင်တွေရဲ့အပြောကြောင့် ဩဆက်က ရယ်ကာ...
"အဟက်~ မဟုတ်တာဗျာ ... အလုပ်ကိစ္စလေးရှိသေးလို့ပါ"
ဩဆက်တို့ စားပွဲဝိုင်းကို ခန့်စစ်ကာ အလျှင်မြန်ရောက်လာကာ ဩဆက်နားသို့ တီးတိုးစွာပြောလိုက်သည်။
ခန့်စစ်ပြောလိုက်တဲ့စကားကြောင့် ဩဆက် ထိုင်နေသည့်ဝိုင်းမှထကာ စံအိမ်ပြန်ဖို့ ထွက်လာခဲ့၏။