"ကျွန်တော် အစ်ကို့ကို ထပ်ပြီးလက်မလွှတ်နိုင်တော့ဘူး။ကျွန်တော် ကြောက်တယ်"
ငိုနေတဲ့ကောင်လေးရဲ့ ကျောပြင်ကို ဂျယ်ဟျော့ ဖက်တွယ်ထားရင်း ပုခုံးပေါ်ကိုလည်း မေးတင်ထားလိုက်သည်။
"မကြောက်ပါနဲ့ .. ကိုယ်မင်းအနားကနေ အကြာကြီးထွက်မသွားတော့ပါဘူး ဟေဇယ်"
ကောင်းကင်မှကျဆင်းလာတဲ့ နှင်းမှုန်တွေက ဖက်တွယ်ထားတဲ့ ဂျက်စတင်တို့နှစ်ဉီးပေါ်ကို အလုအယက်ကျဆင်းနေသည်။
ဆွဲညှစ်ခံရသလို နာကျင်နေတဲ့နှလုံးသားက ပစ်ထားခံခဲ့ရမှာကို ကြောက်နေလို့ဆိုတာ ဧကန်ပင်။ဂျက်စတင်ကြောက်ပါသည်။ကောက်လုံးလေးတဖြစ် ဂျက်စတင်ရဲ့ ယွန်းငယ်ကို ဂျက်စတင် ဘယ်နည်းနဲ့မှ လက်လွှတ်ဖို့စိတ်ကူးမရှိပေ။
"ဘယ်လောက်ကြာမှာလဲ အစ်ကို"
"တစ်ပတ်ပဲ .. ကိုယ် တစ်ပတ်ပြည့်တာနဲ့ ချက်ချင်းပြန်လာခဲ့မှာ"
မမြင်ရသော်ညား ခံစားမိနေတဲ့ ကောက်လုံးလေးရဲ့ နှလုံးခုန်သံက ဂျက်စတင်ကို ငိုလို့ပင် ငိုမိစေသည်။
"နှစ်ရက်လောက်မဟုတ်ဘဲ ခုကတည်းက ပြန်မယ်ဆိုရင်ရော .. ပြန်လာတာ စောမှာလား အစ်ကို"
"ကိုယ်နှစ်ရက်လောက်နေမှ ပြန်မှာ .. ကိုယ်မင်းကို တစ်ယောက်တည်း ထားခဲ့ဖို့ အဆင်သင့်မဖြစ်နိုင်သေးဘူး"
မျက်နှာချင်းဆိုင်ဖြစ်သွားစေရန် ကောက်လုံးလေးကို လက်မောင်းနှစ်ဖက်မှ ကိုင်ကာနောက်ကိုအနည်းငယ်ဆုတ်စေလိုက်သည်။
"နမ်းချင်တယ် .. ကျွန်တော်တို့ နမ်းရအောင် အစ်ကို"
အမိန့်ပေးသံလို့်မခေါ်လောက်တဲ့ နူးညံ့တဲ့အသံလေးအဆုံး ဂျယ်ဟျော့ရဲ့ နှုတ်ခမ်းသားတွေက သိမ်းပိုက်ခြင်းခံလိုက်ရသည်။ခေါင်းကိုထိန်းကိုင်ကာ ကျွမ်းကျင်စွာပြုမူနေတဲ့ ဂျက်စတင်က မျက်ရည်တွေကို ရပ်စဲအောင်မလုပ်နိုင်သေးပေ။အာခံတွင်းထဲကို ပိုမိုပြီးတိုး၀င်လာတဲ့ ဂျက်စတင်ရဲ့ လျှာဖျားနွေးနွေးက ဂျယ်ဟျော့ကို တုန်လှုပ်စေသည်။ဆယ်မိနစ်ကြာပြီးနောက် ဂျယ်ဟျော့တို့နှစ်ယောက်ရဲ့ နူးညံ့တဲ့ပြင်သစ်အနမ်းလေးက အဆုံးသတ်သွားသည်မှာ နှစ်ယောက်ကြားမှ ငွေရောင်အမျှင်တန်းလေးတွေက သက်သေပင်။
ESTÁ A LER
𝖥𝖺𝗅𝗅𝗂𝗇𝗀 𝗂𝗇 ♡︎ 𝗂𝗇 𝖯𝖺𝗋𝗂𝗌
Fanfic𝗜 𝗣𝗹𝗮𝗻𝘁𝗲𝗱 𝗧𝗵𝗲 𝗦𝗲𝗲𝗱𝘀 𝗢𝗳 𝗠𝘆 𝗟𝗼𝘃𝗲 𝗜𝗻 𝗣𝗮𝗿𝗶𝘀 [ Pᴀʀᴋ Jᴇᴏɴɢ-Wᴏᴏ {Jᴜsᴛɪɴ Hᴀᴢᴇʟ} + Yᴏᴏɴ Jᴀᴇ-Hʏᴜᴋ ]
𝐖𝐚𝐫𝐦 𝐇𝐞𝐚𝐫𝐭
Começar do início