"ဟျောင်းသိလား ကိုကိုလေ ငယ်ငယ့်ကို စိတ်ဆိုးအောင်လုပ်နေတာ "

ဒီအခြေအနေကြီးက သူ့အတွက် ကြောင်တောင်တောင်နိုင်လွန်းအားကြီးပေမယ့် တဖက်ကလေးကတော့ ထိုသို့ဟုတ်ဟန်မရှိပါဘဲ တိုင်တန်းစာတသီကြီးအား လက်တန်းရွတ်ပြနေ​တာကြောင့် သက်မတစ်ချက်ခိုးချလိုက်မိသည်။

"ငယ်ငယ် ရေခဲမုန့်လေးနည်းနည်းစားမိတာကို ငေါက်လွှတ်တာသိလား"

"အာ"

ဂယူဘင်းက တစ်ဖက်သူအား မည်ကဲ့သို့တုန့်ပြန်ရမှန်းမသိသည့်အခါ အားနာစွာဖြင့် အသံတစ်ချက်သာပြုလိုက်ပေမယ့် တစ်ဖက်က သတိထားမိဟန်မရှိပါဘဲ ကလေးသဘာဝနှင့်အညီ မကျေနပ်ချက်များကိုသာ တရက်စက်ရွတ်ပြလျက်ရှိသည်။

"ကိုကိုကျ ငယ်ငယ်က မကြိုက်တာလုပ်ရင်အော်ငေါက်ပြီး ကိုကို့ကို ငယ်ငယ်က ပြန်အော်တော့ကျ ဆိုးတယ်တဲ့ ကိုကိုကမှ တကယ့်လူဆိုးကြီး ဟွင့်!"

အီချွဲနေတာမျိုးမဟုတ်ပါဘဲ  ရိုးရိုးလေးပြောနေတာဖြစ်သည့် ထိုကလေး​၏အသံကတော့ တကယ်ချစ်ဖို့ကောင်းတာဝန်ခံရမည်ဖြစ်သည်။

ပန်းရောင်ဟူဒီကြီးက ပေါင်လယ်လောက်ထိရှည်ပြီး အနက်ရောင် ဒူးအောက်ရှော့ပန်နှင့်တွဲဝတ်ထားကာ အနက်ရောင်လွယ်အိတ်သေးသေးလေးလွယ်ထားကာ လွယ်အိတ်ကိုင်းတွင် လက်တစ်ဝါးစာ ယုန်ရုပ်သေးသေးလေးက လှုပ်စိလှုပ်စိဖြင့်ယိမ်းယိုင်နေသည်။

ပါးဖောင်းဖောင်းကြီးမဟုတ်ပေမယ့် ပြည့်ပြည့်လေးရှိသည့် ပါးလုံးကြီးတွေက ဖက်ထုပ်လေးတွေလို ထိလိုက်တာနဲ့အိကနဲ ဖြစ်သွားနိုင်သည့် ဘန်နီသေးသေးလေးသည် လွယ်အိတ်ကိုင်းနှစ်ဖက်အား တင်းနေအောင်ဆုပ်ထားရင်း အားရပါးရ အတင်းတုပ်နေပေမယ့် ကိုကိုဆိုသည့် နာမကတော့ ပါးစပ်ဖျားကမချတာကြောင့် ရည်ညွှန်းနေသူက မျက်လုံးထဲတွင် နေရာယူလာပြီး ဂယူဘင်းက နှုတ်ခမ်းအတွင်းသားအား ကိုက်လိုက်မိ​၏။

မကျေနပ်ဘူးဆိုရင်တောင် တားပိုင်ခွင့်ကဒ်ဟာ သူ့လက်ထဲတွင်မှ ဟုတ်မနေခဲ့ပဲ။

လုပ်ယူနေသော အပြုအမူတွေမဟုတ်ပါဘဲ စကားပြောဟန်လေးတွေကအစ ချစ်စရာကောင်းလှသည့် ဆယ်ကျော်သက်အရွယ် ကလေးလေးက လူတိုင်း​၏ အပြုံးပန်းကို ဆောင်ယူနိုင်သည်။

Ex-husband's present partner like me so muchWhere stories live. Discover now