하나

555 67 12
                                    

ကွာရှင်းထားတဲ့ ယောင်္ကျားဟောင်းရဲ့ လက်ရှိပါတနာက ငါ့ကိုမှ ရွေးသဘောကျနေတာတဲ့။သောက်ကျိုးနည်း!
________________________________________
"ဟျောင်း"

ကုမ္ပဏီအထွက်မှာတင် ရင်းနှီးမှုရှိသည့် အော်ခေါ်လိုက်သံအားကြားလိုက်ရတာကြောင့် ကင်မ်ဂယူဘင်းက စိတ်ရှုပ်စွာ မျက်မှောင်ကျုံ့လိုက်မိပေမယ့် ခြေလှမ်းတွေအားရပ်လိုက်ကာ အနောက်သို့ လှည့်ကြည့်လိုက်မိ​၏။

"ဟျောင်း ဟျောင်း!"

ထင်ထားသည့်အတိုင်းပင် ပန်းရောင်ဟူဒီပွပွကြီးက သူ့ဆီသို့ တလှိမ့်လှိမ့်နဲ့ လိမ့်လာတာကြောင့် ပါးစောင်ထဲသို့ လျှာအားထိုးကာ မကျေနပ်စွာမြင့်တက်သွားသောမျက်ခုံးတို့အား မသိသာစေရန် ထိန်းလိုက်ရင်း

"အာ ယူဂျင်းရှီး"

စသိသည့်အချိန်မှစ၍ လပိုင်းအတွင်းမှာတင် ဒီကောင်လေးသူ့ဆီရောက်ချလာတာ အကြိမ်ပေါင်းမြောက်များစွာရှိနေပြီဖြစ်သည်။

အရှိန်နှင့်ပြေးလာကာ အနားရောက်မှ ရုတ်တရက်ရပ်လိုက်တာကြောင့် ရှေ့သို့ဟပ်ထိုးပြုတ်ကျလာနိုင်သည့်အတွက် ဂယူဘင်းက ညာဘက်လက်မှ လက်ဆွဲအိတ်အား ဘယ်လက်သို့ လွှဲယူလိုက်ကာ ဖမ်းရန် အသင့်အနေအထားပြင်လိုက်ပေမယ့် တဖက်က လဲမကျလာပါဘဲ ဟန်ချက်ညီစွာထိန်းရင်း သွားတွေပေါ်လာသည်အထိ ရယ်ပြလာသည်ကြောင့် ထိုလက်အား ဘောင်းဘီအိတ်ကပ်ထဲသို့ လက်အား ထည့်လိုက်သည်။

"ကိုကိုခေါ်သလို ငယ်ငယ်လို့ခေါ်လို့ရပါတယ်ဆိုတာကို"

လူပင်မမြင်ရတော့သည်အထိ ပွသောဟူဒီကြီးထဲ မြှုပ်နေသောကောင်လေးသည် ယူဘင်း​၏ အခေါ်အား သဘောမကျစွာဖြင့် နှာခေါင်းအားရှုံ့ကာဆိုနေပေမယ့် မက်မွန်ပွင့်သဏ္ဌာန်မျက်ဝန်းဝိုင်းတွေကတော့ အလိုမကျဟန် နည်းနည်းလေးမှ မရှိပေ။

"အာ ဟုတ်ကဲ့"

ဂယူဘင်းက အနေခက်စွာ နီးကပ်နေသည့် အနေအထားမှ မသိမသာ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး မျက်ခုံးထောင့်အား လက်ညှိုးဖြင့် ခြစ်လိုက်မိသည်။ဒီအခြေအနေက သူ့အတွက် တအားကို အနေခက်ဖို့ကောင်းလွန်းတယ်။

Ex-husband's present partner like me so muchWo Geschichten leben. Entdecke jetzt