ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Start from the beginning
                                    

သူက မှိန်းနေစဉ် တံခါးမှလူခေါ်ခေါင်းလောင်းမြည်သံကို ကြားလိုက်ရသည်။ ဆံပင်များရှုပ်ပွနေသည့် ရွှီလော့ယန်က သူ့ခြေထောက်များကို အိမ်တွင်းစီးဖိနပ်ထဲ ထိုးထည့်ကာ တံခါးထံသို့ လျှောက်သွားလိုက်သည်။ အဆောက်အဦးကြေးလည်းပေးပြီးပြီ ၊ စားသောက်ဆိုင်မှ မှာယူထားတာလည်းမရှိ၊ ပစ္စည်းလာပို့လာရန်လည်း မရှိ၊ ကျန်းကောသည်ပင် သူ့မိသားစုနှင့် နှစ်သစ်ကူးရန် အိမ်ပြန်သွားပြီဖြစ်သည်။

ယခုအချိန်ကြီး သူ့ကိုလာရှာနေသည်မှာ မည်သူဖြစ်နိုင်မည်နည်းဟု သူ့မျက်လုံးများကို ပွတ်သပ်ကာ စဉ်းစားနေမိသည်။

တံခါးကိုဖွင့်လိုက်ပြီး အရှေ့တွင်ရပ်နေသောသူကို မြင်လိုက်ရသည့်အခါ ရွှီလော့ယန်က ကြောင်အသွားရသည်။ ထို့နောက် သူက "ချန်အန်း" ဟု ရေရွတ်လိုက်မိ၏။

ချီချန်အန်းက သူ့တံခါးကိုခေါက်နေသကဲ့သို့သောအဖြစ်အပျက်မျိုး သူ့ထံမရှိခဲ့ဖူးပေ။

တစ်လပိုင်း တစ်ဆယ့်ရှစ်ရက်နေမှစတင်၍ ချီချန်အန်းကို သူမမြင်ရသည်မှာ တစ်လပင်ရှိနေပြီဖြစ်သည့်အတွက် သူက ထိုသူ၏မျက်နှာဆီမှ အကြည့်မလွှဲနိုင်ဖြစ်နေရသည်။

"နျောင်နျောင်၊ ပျော်ရွှင်စရာ နှစ်သစ်ကူးပွဲတော်နေ့ပါ"

ချီချန်အန်းက အိုဗာဆိုဒ်ကုတ်အင်္ကျီအရှည်၊ အနက်ရောင်ကိုဝတ်ဆင်ကာ လက်ထဲ၌လည်း နေ့လည်စာဘူးကြီးနှစ်ဘူးကိုကိုင်ထား၍ တံခါးဝ၌ရပ်နေလေ၏။

ရွှီလော့ယန်က ရုတ်တရက်စကားမပြောနိုင်ဖြစ်သွားရကာ၊ အတန်ကြာသည်အခါမှ 'ပျော်ရွှင်စရာ နှစ်သစ်ပါ" ဟု ပြန်ပြောနိုင်သွားသည်။

သူက အူကြောင်ကြားနှင့် သူ့လက်ချောင်းများကိုပင်ဆွဲဆိတ်မိလိုက်၏။

အဲ့ဒါကနာတယ်၊ နာတယ်၊ နာတယ်။ ဒါက တကယ်ကြီး အိပ်မက်မဟုတ်ဘူးဘဲ။

ရိုက်ကွင်း၌ အဖွဲ့သားများအားလုံးရှိနေသည့်အခါကလွဲ၍၊ မည်သူတစ်စုံ‌တစ်ယောက်ကမျှ သူနှင့်အတူတူ နှစ်သစ်ကူးအကြိုနေ့ကို မဖြတ်သန်းသည်မှာ အင်မတန်မှ ကြာမြင့်လှပြီဖြစ်သည်။ သူ့အနားရှိသူငယ်ချင်းများအားလုံးမှာလည်း ပြန်လည်တွေ့ဆုံခြင်းပွဲပြုလုပ်ရန် အသီးသီးမိသားစုများ ရှိကြသည်။ နှစ်သစ်ကူးအကြိုနေ့တွင် သူ့ထံဖုန်းခေါ်ဆိုသည်ကပင် အတော်လေးကို ကောင်းမွန်သည့် သူငယ်ချင်းဆက်ဆံရေးဖြစ်နေလေပြီ။ ထို့ပြင် သူက နှစ်သစ်ကူးအကြိုနေ့၌ တစ်ယောက်တည်းဖြစ်နေတာကို ကျင့်သားရနေပြီဖြစ်၏။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now