ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

Start from the beginning
                                    

ဆောင်းတွင်း စခန်း ဖွင့်ပွဲသည် ယောင်ချန်း၏ နံပါတ်တစ်ကျောင်းရှိ အခြေစိုက်စခန်းသစ်တွင် ကျင်းပခြင်းဖြစ်သည်။ ဆောင်းတွင်း သင်္ချာ အခြေစိုက်စခန်း ခေါင်းစည်းက ကျောင်းဂိတ်ဝတွင် အစောကြီးတည်းက ဆွဲထားလေသည်။ ကျောင်းဝတ်စုံများ ဝတ်ကာ ပြိုင်ပွဲဝင်များကို လမ်းပြရန် တာဝန်ရှိသော မတ်တပ်ရပ်နေကြသည့် ကျောင်းသားများလည်း ရှိသည်။

ပါဝင်ယှဥ်ပြိုင်သူ သတ်သေခံကတ်ပြားများကို တပ်လိုက်ပြီးနောက် ကျင်းစစ်နှင့် အခြားသူများသည် စည်းရုံးရေးမှုးပြင်ဆင်ပေးထားသော ဘတ်စ် ကားပေါ်သို့တက်သွားလိုက်ကြ၏။

ကျောင်းဂိတ်ပေါက်ဝသည် လူများဖြင့် စည်ကားနေပြီး လမ်းပေါ်တွင် ကျောင်းသား အများအပြားရှိပေမဲ့ သူတို့က အလုပ်ရှုပ်နေကြသည်။ ကျောက်ဖုန်၏ မျက်လုံးများကမူ ထက်ရှနေပြီး ခြေလှမ်းသွက်သွက် လျှောက်နေကြသော ပြိုင်ပွဲဝင်များကို စူးစိုက်ကြည့်နေလေသည်။

ကျင်းစစ်က ထိုနေရာတွင် ရပ်နေရင်းမှ ဘယ်ဘက်တွင် "ယောင်ချန်း နံပါတ်တစ်ကျောင်း"ဟု ကမ္ပည်းထိုးထားသော ကျောက်တန်းကြီးကို ကြည့်နေမိသည်။ အချို့အကြောင်းအရာများကြောင့် သူ့နှလုံးသားထဲတွင် ရင်းနှီးနေသော ခံစားချက်ကို ရလိုက်လေ၏။

အဲ့ဒါက...ငါဒီနေရာကို ရောက်ဖူးနေသလိုပဲ...

"အစ်ကိုစစ် အစ်ကိုစစ်"

ကျိုးချောင်ကသူ့ကို အကြိမ်ပေါင်းများစွာ ခေါ်နေပေမဲ့ တုံ့ပြန်ခြင်းမရှိပေ။ သူက မတတ်သာတော့ဘဲ လက်ကို ဆန့်ထုတ်ပြီး အသာတွန်းလိုက်သည်။

" သွားရအောင် "

ကျင်းစစ်က ရုတ်တရက် အသိပြန်ဝင်လာပြီး " အိုကေ"

သူ ရင်းနှီးနေသော ခံစားချက်ကို ဘေးဖယ်ထားလိုက်ကာ သူ့ရင်ဘတ်ရှိ သတ်သေခံကတ်ပြားကို ဆွဲဆန့်ရန် လက်ကိုဆန့်လိုက်ပြီး ကျောက်ဖုန်ရဲ့ခြေလှမ်းများနောက်သို့ လိုက်သွားတော့သည် ။

"အစ်ကိုလည်း စိတ်လှုပ်ရှားနေမယ်လို့ ကျွန်တော် မထင်ခဲ့ဘူး "

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now