အပိုင်း ၂ အကြီးဆုံးသမီး

Start from the beginning
                                    

"သူသဘောကျတာကို သူလုပ်လို့ရပါတယ်…ကျွန််မက သူ့ကို ပံ့ပိုးပေးမှာပါ…"

ရုပ်ရှင်ပြီးဆုံးသွားသော်လည်း နောက်ပိုင်းအစီအစဉ်များ ရှိနေသေးသည်။ထုတ်လုပ်သူအပါအဝင် ဒါရိုက်တာနှင့် အဓိက သရုပ်ဆောင်အချို့သည် စင် ပေါ်တွင် နေရာယူလိုက်ကြလေသည်။အများဆုံး ရင်းနှီးမြှုပ်နှံသူသည်လည်း စင်ပေါ်တွင် စကားပြောလေသည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကုမ္ပဏီများသည် ယွမ် (၁၅၀) မီလျံ ရင်းနှီး မြှုပ်နှံကြသည်။

စတိတ်ပေါ်သို့ အပြုံးနှင့်တက်လာသော သူသည် သူ၏ ရင်းနှီးမြှုပ်နှံမှုအား အလွန်ကျေနပ်လျက် ရှိပေသည် ။    ပွဲဦးထွက်ပွဲ လုံးဝပြီးဆုံးသွားသောအခါ ပွဲကြည့်ပရိတ်သတ်များအား မီဒီယာများမှ အင်တာဗျူးကြလေသည် ။ ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့်အတူ ဓာတ်ပုံ တွဲရိုက်ရန် လူပေါင်းများစွာရောက်လာကြလေသည်။ရှုလီချန်သည်လည်း အသိအမှတ်ပြုခံရပြီး လူအများသည် သူနှင့်အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ရန် စိတ်ပါလက်ပါ လာရောက်ကြလေသည်။ ရှုလီချန်သည် ထိုနေရာတွင် ရပ်လိုက်သော်လည်း သူ့တွင် ကြောက်လန့်နေမှု မရှိပေ။ သူ့မျက်လုံးများသည် ပျံဝဲနေလျက်ရှိကာ ကိုယ်နေဟန်ထားသည် တစ်ကယ့် နာမည်ကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။

ရှုလီချန်မှာ ဖျော်ဖြေရေးနယ်ပယ် နှင့် အထူးသင့်လျော်သည်ဟု ကျန်းယန်ရှန့် ခံစားရလေသည်။ကျန်းဟွမ်က သူမအား မေးလိုက်လေသည်။

"ခဏနေ ရုပ်ရှင်အဖွဲ့ဝင်တွေနဲ့ ညစာစားမလား…"

"အဖေပဲ သမီးအစားတက်လိုက်ပါ…ဟယ်ဟယ်ကို သမီး မုန့်စျေးတန်းခေါ်သွားဖို့ ပြောထားတယ်…"

ကျန်းဟယ်လင်းသည် သူမ၏ နီရဲနေသော နှာခေါင်းအား တစ်ရှုးနှင့် ထပ်သုတ်လိုက်ကာ ပြောလေသည်။

"အစ်မ…မြန်မြန်သွားရအောင်…ဗိုက်ဆာလို့သေတော့မယ်…"

ရှုလီချန်သည် ပရိတ်သတ်များအား ရှောင်ရှားကာ သူ့အမေအနားသို့ ကပ်ကာ ပြောလိုက်လေသည်။

"သားလည်း သွားမှာမဟုတ်ဘူးနော် …သူတို့ညီအစ်မနဲ့လိုက်သွားမလို့…"

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now