"စျေးထဲက ကြွေမုန်း မုန့်ပဲဆုပ်နဲ့တို့ဖူးကြော်က တကယ်စားကောင်းတယ် ပြီးတော့ လက်ဖက်ရည်ကြိုက်ရင် စျေးလမ်းထိပ်က ဦးမြတ်စံဆိုင်မှာ စီလုံတီးလည်းရတယ် စမူဆာလည်းစားကောင်းတယ်၊ ကောက်ညှင်းပေါင်းအကြော်ဆို ရေတွင်းအကြော်ဆိုင်နဲ့ ခေါက်ဆွဲစားချင်ရင် စာတိုက်ဘေးနားကဆိုင်နဲ့ ရုပ်ရှင်ရုံလမ်းကဆိုင်ကောင်းတယ်"

စတွေ့သည့်ရက်ကစ၍ ယခုထိ နွေ စကားအရှည်ကြီးပြောတာကို ည ဒီတစ်ခါပဲကြားဖူး၏။ ည အံ့ဩတကြီးကြည့်မိတော့ နွေက ခပ်ဖွဖွပြုံးပြကာ လူစည်ကားလျက်ရှိသော ကသာမြို့၏လမ်းမကို ငေးမောနေလေ၏။ မျက်ဝန်းတွေထဲတွင် လွမ်းငွေ့ ခပ်ရိပ်ရိပ်ပါသလို ကိုယ့်ရဲ့အမှတ်တရတွေဆီပြန်သွားလိုက်ရသလိုမျိုး
ကြည်နူးခြင်းတွေလည်းပါ၏။

ည ပြုံးလိုက်ကာ နွေ့ရဲ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်၏။

ဆိပ်ကမ်းကနေပြီးတော့ ပထမဆုံးလည်ပတ်တာဟာ ကသာသီရိခေမာစျေးပင်၊ စျေးပေါက်ဝတွင်ပင် ပန်းသည်မျိုးစုံဟာ စည်ကားလျက်ရှိသလို စျေးပေါက်နားတက်ပင် နွေပြောသည့် ကြွေမုန့် မုန့်ပဲဆုပ်သည်နှင့် ကောက်ညှင်းပေါင်း၊ တို့ဖူးကြော်၊ အစရှိသည့်မုန့်တွေကိုတွေ့ရသလို တို့ဟူးနွေး၊ ခေါက်ဆွဲ အစရှိသည်ဖြင့် စားချင်စရာကောင်းလှ၏။

ညကတော့ နွေပြောသည့်အရာတိုင်းကို နည်းနည်းစီဝယ်ပြီး လိုက်မြည်းခဲ့သည်။ ပြီးတော့ စျေးထောင့်နားက နွေပြောသည် လက်ဖက်ရည်ဆိုင်ကိုလည်း အုပ်စုလိုက်ထိုင်ကြကာ အရသာလိုက်မြည်းခဲ့၏။
နွေပြောသလိုပင် အရသာတကယ်ရှိသလို အစားအသောက်ကောင်းတွေရသည့်မြို့ဆိုတာကို လက်ခံလိုက်ရ၏။

ထပ်မံ၍ ဆေးရုံနားက ကသာမြို့၏နာမည်ကြီး အရေးပိုင်မင်းကြီးအိမ်ကိုသွားရောက်လေ့လာခဲ့သည်။ ကိုလိုနီခေတ်၏လက်ရာတွေဟာ တကယ်ကောင်းလွန်း၏ နှစ် ၁၀၀ ကျော် တာတောင်မှ ခိုင်ခံ့နေသေသလို ကျယ်ဝန်းလှသောခြံကြီးတွင် ကျွန်းပင်တွေအပါအဝင် အပင်ကြီးမျိုးစုံပေါက်နေတာဟာ အေးငြိမ်းဆိတ်ငြိမ်လှ၏။ ပြီးတော့ အိမ်ထဲတွင်ပြသထားသော ပန်းချီကားတွေနှင့်မှတ်တမ်းဓာတ်ပုံတွေဟာ ကိုလိုနီခေတ်ရဲ့အငွေ့အသက်တွေ့ကို ခံစားရစေသည်။ အိမ်ရှေ့တွင်လည်း ကိုလိုနီခေတ်ဦးက အင်္ဂလိပ် - မြန်မာစစ်ပွဲတွင်ကျဆုံးသွားသော အင်္ဂလိပ်စစ်သား၊ အရာရှိတွေ၏မှတ်တိုင်တွေလည်းရှိ၏။

Summer NightWhere stories live. Discover now