Part 57

714 95 1
                                    

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဦကရီ

အခန်း-၅၇

သံလက်ရန်း ဝက်အူကို သန့်ရှင်းရေးဝန်ထမ်း လုပ်သည်ဟု မည်သူမှ မထင်ခဲ့ပေ။ ထိုသန့်ရှင်းရေး ဝန်ထမ်းကို ရှာတွေ့သည့်အချိန် သူ အံ့ဩသွားသည်။ စွန်းဖန်ချောင်သည် ဝန်ထမ်းများကို တမင်သက်သက် ကြည့်ပြီး ရိုက်ကူးရေး အဖွဲ့သည် လှေကားပေါ်၌ ရိုက်ကူးမည် ဖြစ်‌သောကြောင့် ဝက်အူများကို ဖြေလျော့ဖို့ လိုသည်ဟု ရဲများ မေးမြန်းပြီးနောက် သိခဲ့ကြသည်။ သူ နောက်တစ်နေ့ မနက်၌ ၎င်းတို့ကို ပြန် တင်းကြပ်နိုင်သည်။

သန့်ရှင်းရေး ဝန်ထမ်းများ ကောင်းကောင်း လုပ်လျှင် သူတို့ ရိုက်ကူးရေး အဖွဲ့၌ အလုပ် လာလုပ် နိုင်သည်ဟု စွန်းဖန်ချောင် ပြောသည်။ သန့်ရှင်းရေး ဝန်ထမ်းသည် ၎င်းကို ကြားသည့် အချိန်၌ သူ နောက်ထပ် ဘာကိုမှ ဂရုမစိုက်တော့ပေ။ နောက်ဆုံးမှာတော့ ရိုက်‌ကူးရေး အဖွဲ့၌ အလုပ်လုပ်ခြင်းသည် ဟိုတယ်၌ အလုပ်လုပ်ခြင်းထက် ပိုကောင်းသည်။ ဒါကြောင့် သူ ဝက်အူတွေကို ဖြေလျော့သည်။

မကြာမီ အခန်းထဲ၌ စုန့်အန်းရှန်း၊ ဖန်းကျားယွီ နှင့် ကုန်းချင်းယောင်တို့သာ ကျန်ခဲ့တော့သည်။ ဖန်းကျားယွီသည် စိတ်ဓာတ်ကျနေသည်။ ရှောင်ချင်သည် သူမကို ဘာကြောင့် သစ္စာဖောက်သည်ကို သူမ နားမလည်ခဲ့ပေ။ သူမ ထိုအကြောင်းကို တွေးလေလေ သူမ မသက်မသာ ဖြစ်သည်ကို ခံစားရလေလေ ဖြစ်သည်။ နောက်ဆုံး၌ သူမ မထိန်းနိုင်ပဲ မျက်ရည်တွေ ကျလာသည်။

"မင်း သိလား။ ဘာလို့ ရှောင်ချင်က ဒီလို လုပ်ခဲ့တာလဲ ဆိုတာ"

ရှောင်ချင်၏ သစ္စာဖောက်မှုနှင့် နှိုင်းယှဉ်လိုက်လျှင် စွန်းဖန်ချောင်သည် ပြောဖို့ မထိုက်တန်ပေ။

စုန့်အန်းရှန်းသည် သူ့ခေါင်းကို ခါလိုက်သည်။ ဖန်းကျားယွီသည် လူတွေကို ကြင်နာစွာ ဆက်ဆံသောကြောင့် ရှောင်ချင်နှင့် ပေါင်းသင်ရာ၌ အဆင်မပြေမှုမျိုး မဖြစ်သင့်ပေ။

ကုန်းချင်းယောင် ပြောသည်။

"သူမက စွန်းဖန်ချောင်နဲ့ သိပုံရတယ်"

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။Where stories live. Discover now