လင်းဖန် ခေါင်းညိမ့်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်..။

"အမှန်ပဲ..."

အကြီးအကဲ လိန် သူဌေးလေးကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်..။

"ဒီကိစ္စကို အခု ဘယ်လို ဖြေရှင်းတော့မလဲ..။အင်တာနက်မှာတော့..လူတွေ အများကြီးက မင်းရှိတဲ့ တိမ်ဖြူလမ်းကို လာနေကြပြီလို့ ပြောနေကြတယ်..။မင်း ပုန်းကွယ်နေမယ် ဆိုရင်တောင် တစ်သက်လုံး ပုန်းကွယ်လို့ ရနိုင်မှာ မဟုတ်ဘူးလေ..."

"ကျွန်တော်က ဘာလို့ ပုန်းရမှာလဲ..။ကျွန်တော်က ဘာအမှားမှ လုပ်မထားတာ..။ဒါက အဆင်ပြေပါတယ်..ကျွန်တော် ကိုင်တွယ်လိုက်မယ်.."

လင်းဖန် ပြန်ပြောလိုက်တာပါ..။သူလုပ်ခဲ့တာတွေက နည်းနည်း ရှုပ်ထွေးတယ် ဆိုပေမယ့်.. မကောင်းတဲ့ အရာတွေ လုပ်ထားတာ မဟုတ်တဲ့ အတွက် အမြဲတမ်း ပုန်းကွယ်နေဖို့တော့ မလိုပါဘူး..။

ဒါက ဘဝရဲ့..ကံတရား အတိူင်းပါပဲ..။

သူက မိန်းကလေး ရဲ့ မျကိနှာကို ကုသပေးပြီး..ပြသနာတွေကနေ ရှောင်ရှားဖို့ ရက်အနည်းငယ်လောက် ထွက်သွားပေမယ့် နောက်ထပ် ပြသနာ တွေက ထပ်ပြီးတော့ ဖြစ်လာခဲ့ပါသေးတယ်..။

ထပ်ပြောရရင်  ပိုပြီးတော့ တောငိ ဆိူးဝါး လာခဲ့တာပါ..။

တစ်ချို့ အရာတွေ ဆိုတာက ဖြေရှင်းဖို့ မလွယ်ကူလှပါဘူး..။

လူလိမ် ထျန်ကတော့  တစ်ချိန်လုံး တံခါးဝမှာ ရပ်ပြီး စောင့်နေခဲ့တာပါ..။သူ လင်းဖန်ကို မြင်တဲ့ အချိန်မှာ..ချက်ချင်းပဲ ပြေးသွားလိုက်ပြီး စိုးရိမ်စွာ ပြောလိုက်တယိ..။

"မင်း နောကိဆုံးတော့ ပြန်လာပြီ..။မဟုတ်ရင် ကိစ္စတွေက ဖြေရှင်းလို့ ရမှာတောင် မဟုတ်တော့ဘူး.."

လင်းဖန် အကူညီမဲ့သွားခဲ့တယ်..။

"ခင်ဗျားကရော ဘာဖြစ်ပြန်ပြီလဲ..."

လူလိမ် ထျန် ပြန်ပြောလိုက်တယ်..။

"အဲဲဒီဆေးဝါး ကုမ္ပဏီ က လူတွေက အခုထိ မပြန်ကြသေးဘူးလေ..။သူတို့က မင်းပြန်လာတာကို စောင့်နေကြတာ..။သူတို့က..ငါတို့ ဆိုင်ကို နေ့တိုင်း ကို လာလာနေကြတယ်..."

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် )Where stories live. Discover now