"ကောင်းပြီ"

စွန်းဖန်ချောင်သည် ပျော်ရွှင်စွာ ပြောသည်။

"ကောင်းတယ်"

ဖန်းကျားယွီသည် အခန်းသို့ ပြန်ပြီး မျက်နှာ အရင်သစ်ရန် တွေးခဲ့ပေမဲ့ သူမ လှည့်လိုက်သည့်အချိန် စွန်းဖန်ချောင်၏ မျက်လုံး၌ တင်းမာသည့် အကြည့်များ ပေါ်နေသည်။

အစားစားရန် နေရာသည် ဟိုတယ်၏ ထိပ်ဆုံးထပ်၌ ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ညဘက်၌ လူများများ မရှိခဲ့ပေ။ စွန်းဖန်ချောင်သည် အခြားသူများကို နှုတ်ဆက်သည်။ ဒါရိုက်တာနှင့် လက်ထောက် ဒါရိုက်တာ အပြင် မင်းသမီးနှစ်ယောက်၏ လက်ထောက်လည်း ပါသည်။ မူလက ကျီဝမ်ကိုလည်း ခေါ်ပေမဲ့ ကျီဝမ်သည် အခြား လုပ်စရာ ရှိနေသည်။

အစားစားရတာ ပျော်ဖို့ ကောင်းသည်။ သူတို့ ဆယ်နာရီအထိ စကား ပြောနေခဲ့ကြသည်။ စုန့်အန်းရှန်းသည် မစောတော့ဘူးဆိုတာ တွေ့၍ ပြောသည်။

"လူတိုင်း။ အနားယူဖို့ ပြန်သင့်ပြီ။ မနက်ဖန် မနက်ကျ ရိုက်ကူးရေး ရှိတယ်"

လူတိုင်း ထပြန်ရန် ပြင်ဆင်ခဲ့ကြသည်။ ဟိုတယ် အပြင်ဘက်၌ အရေးပေါ်အတွက် လှေကားထစ်တစ်ခု ရှိသည်။ စွန်းဖန်ချောင်သည် လှေကားပေါ်၌ မတ်တပ်ရပ်ခဲ့ပြီး ဖန်းကျားယွီကို လက်ယပ် ခေါ်သည်။ စွန်းဖန်ချောင်သည် အကွာအဝေးတစ်ခုကို ညွှန်ပြသည်။

"ကျားယွီ၊ ကြည့်လိုက်၊ လှတယ်"

ယနေ့၌ ဘာမတော်တဆမှ မရှိဘူးလို့ ဖန်းကျားယွီ ထင်သည်။ ထို့အပြင် လူတိုင်းသည် ယခုလေးတင် စကားစမြည်ပြောကြပြီး ပျော်ရွှင် နေကြသည်။ သူမ၏ သတိသည် ပြေလျော့သွားပြီ ဖြစ်သည်။ သူမသည် အပြင်ကို လှမ်းကြည့်လိုက်ပြီး မြို့တော်ကြီးသည် လင်းထိန်နေသည်။ ၎င်းသည် တကယ်ကို လှသည်။

စွန်းဖန်ချောင် ပြောသည်။

"မလှဘူးလား"

အကြောင်းအရာ တစ်ခုခုကြောင့် ဖန်းကျားယွီသည် ရုတ်တရက် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ဤအခိုက်အတန့်၌ သူမသည် သူမကို ရှေ့သို့ တွန်းလိုက်သည့် အင်အားတစ်ရပ်ကို ခံစားလိုက်ရသည်။ လှေကားထစ်မှ သံလက်ရန်းသည် ယခု အခိုက်အတန့်၌ အမှန်တကယ်ပင် ပြုတ်ကျကာ သူမသည်လည်း လွင့်ထွက်သွားသည်။ စွန်းဖန်ချောင်နှင့် လူအုပ်ကြီးသည် သူမ‌ နောက်၌ အော်ဟစ်နေကြသည်။

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။Where stories live. Discover now