လှိုင်းတစ်ချက်အရိုက်မှာ သူ့မျက်နှာက ရေလှိုင်းနဲ့ မိတ်ဆက်သွား၏။

ဆားငန်ရေတွေ ပါးစပ်ထဲသာမက မျက်လုံးတွေ နားတွေထဲပါ ဝင်သွားတော့ သူမျက်လုံးမှိတ်လိုက်မိသည်။

'ဧကရာဇ် '

သေခါနီး တ မိတယ့်နမည်က ဧကရာဇ်တယ့်လား။ ရယ်စရာကောင်းလိုက်တာ သားစစ်ထွဋ်ရာ။ မင်းမုန်းနေတယ့် လူကိုမှ တ မိတယ်တယ့်လား။

ရုတ်တရက် သူ့လက်မောင်းကို ယူကာ ပုခုံးပေါ်တင်လိုက်ပြီး သူ့ခါးကို လာဖက်တယ့် လက်တစ်စုံ။

ရင်းနှီးနေတယ့် ကိုယ်သင်းနံ့ကြောင့် သူမျက်လုံးဖွင့်ဖို့ ကြိုးစားလိုက်သော်လည်း အချည်းအနှီးသာ သူ့မျက်လုံးတွေ အရမ်းစပ်နေ၏။

လျင်မြန်စွာ သူ့ကိုယ်ကို ထိန်းပြီး ကမ်းခြေဘက်ကို ဆွဲခေါ်ပေးသွားတယ့် သူကြောင့် ရေက သူ့ရင်ဘတ်မှ ခြေရင်းသို့ တဖြည်းဖြည်း လျော့လာသည်။

"ဖိုးသား!!!"

"ဖိုးသား!!!"

"ဖိုးသား!!!"

"ဖိုးသား!!!"

လေးယောက်လုံးရဲ့ အော်သံကြောင့် ဖိုးသား အနည်းငယ် နားညီးသွား၏။

ဧကရာဇ် အသံတော့မပါတာကြောင့် သူထင်တာ မှန်သွားတာလား။

သူ့ကို ထိန်းထားတယ့် လူက သဲ​​ပြင် ​​ပေါ် ဖြည်းညင်းစွာချပေးပြီး တစ်နေရာကို အမြန်ပြေးထွက်သွား၏။

'ညဧကရာဇ်'

သူ့ဘေးနားမှာ မေပန်းချီက ထိုင်ချကာ နားညီးအောင် သူ့နမည်ကို တဖွဖွခေါ်လာ၏။

"ဖိုးသား ! အဆင်ပြေရဲ့လား "

'ငါ အဆင်ပြေနေတယ် ထင်လား အမိ'

"အဟွတ် အဟွတ် "

ဖိုးသားပြန်ပြောလိုက် ချင်ပေမယ့် သူချောင်းအဆတ်မပြတ် ဆိုးနေလေသည်။

သူ့ဘေးနားက လူက ဆရာဝန်လားတောင် ဖိုးသားသံသယဝင်သွားမိသည်။

လူတစ်ယောက်လုံး သေမလိုဖြစ်နေတာကို နမည်ပဲ တဖွဖွခေါ်နေတယ်။

'xီးပဲ '

ပြေးလာတယ့် ေခြသံကြောင့် သူ အတွေးတွေကို ရပ်လိုက်၏။

PhoeNyaWhere stories live. Discover now