3

281 30 1
                                    

Unicode

၁၉၆၀ ခုနှစ် ကျွန်းပေါ်သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း

အပိုင်း  ၃

      
မေမေကျီက မျက်ရည်အပြည့်နှင့် ပြောနေခြင်းဖြစ်သည်။  ကျီမိသားစု အကြီးဆုံးသားအပေါ်ပိုင်းခန္ဓာကိုယ်မှာ ဒဏ်ရာများနှင့် ပြည့်နေပြီး သေအံ့ဆဲဆဲပုံစံ မြေကြီးပေါ်တွင် လဲလျောင်းနေသည်။ သူ၏ဇနီးမှာလည်း ထိုနည်းတူ ဘေးတွင် လှဲနေသည်။ လူတိုင်း ချူယောင်းကို အမြင်စောင်းလာကြပြီဖြစ်သည်။

           
ချုယောင်းလည်း အမာရွတ်များနှင့် ပြည့်နေသော သူမ၏လက်ကောက်ဝတ်ကို ပြလိုက်ရင်း "အကိုအကြီးဆုံးနဲ့ ယောင်းမသာ တုတ်နဲ့ မရိုက်ဘူးဆိုရင် ကျွန်မ ဒီလိုဒဏ်ရာ ရမှာမဟုတ်ဘူး" ဟု ညည်းတွားပြလိုက်သည်။

             
  "ငါ့သားအကြီးဆုံးက နင့်ကို တုတ်နဲ့ရိုက်တယ်? "ကျီအမေ အရှက်မရှိသော သူမ၏စကားများကြောင့် ဒေါသထွက်သွားသည်။ ကျီအမေ ထလိုက်ပြီး ချူယောင်းကို လက်ညှိုးထိုးကာ အော်ဟစ်မာန်နေလေသည်။

            
"လူတိုင်း ကျွန်မကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်ကြပါ၊ ဒဏ်ရာအကုန်လုံးမြင်အောင် ပြဖို့ မသင့်တော်ဘူးဆိုတော့ ကျွန်မလက်ပေါ်က အမာရွတ်ဖြစ်တော့မယ့် ဒဏ်ရာတွေကို ကြည့်ကြပါဦး" ချူယောင်း ကျီအမေကို လျစ်လျူရှုကာ သူမ၏လက်များကို လူတိုင်း မြင်အောင် ပြလိုက်သည်။

              
အချို့နေရာများတွင် သွေးထွ​က်​နေတုန်း ဖြစ်၍ လူတိုင်း သနားသွားကြသည်။ "ချူယောင်းအလုပ်မသွားနိုင်တာလည်း မထူးဆန်းတော့ဘူး သူမ က တကယ်သနားဖို့ကောင်းတယ်" 

" ကျီမိသားစုက လူတွေကို အရမ်းလှည့်ဖြားနေတာလား?" ချူယောင်းလက်တွေကို အတန်ငယ် တုန်ယင်စွာ ကိုင်ရင်း ပြောနေကြသည်။

               
  မချေပနိုင်တော့သည့်အဆုံး ကျီအဖေလည်း "သမီး အကိုအကြီးဆုံးနဲ့ ယောင်းမ အခုကိစ္စမှာ တကယ်မှားတာ၊ အဖေ သူတို့ကို အခုတောင်းပန်ဖို့ ပြောမယ်" ဟု ပြောလိုက်ရတော့သည်။

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း (ဘာသာပြန်)Where stories live. Discover now