စစ်ဟွိုင်ရှီးသည် စုံစမ်းမှု သဲလွန်စကို ထုတ်ပြခဲ့ပြီး မှတ်ချက်တွင် ဖော်ပြထားသော 'သွေးသား' သည် မည်ကဲ့သို့ ဖြစ်သည်ကို ပို၍ သိချင်လာသည်။

ထို့ကြောင့် ဖျော်ဖြေရေး ပညာရှင်များကို မေးမြန်းရန် ဆုံးဖြတ်ခဲ့သည်။ ရှီရှန်း သည် မလှမ်းမကမ်းတွင်ထိုင်ကာ အာဟာရဖြည့်စွက်စာများကို ဖြည်းညှင်းစွာ မြည်းစမ်းကာ အလုပ်ပြီးချိန် ငါးဆားနယ်ခြင်းကို နှစ်သက်စွာ စားသုံးနေပါသည်။

စစ်ဟွိုင်ရှီးက အရင်င်ဆုံးလာစကားပြောတဲ့အခါ ရှီရှန်း အနည်းငယ် အံ့ဩသွားပြီး..

"ဘာဖြစ်နေလို့လဲ.. အဖွဲ့သားတွေက စောနကပဲ နင်ကိုရှာနေတာ တွေ့တယ် ဒါကြောင့် ငါ အရင် ထွက်သွားလိုက်တာ..ဘာကိစ္စရှိလို့လဲ.."

"ငါ့မျက်လုံးတွေက ထူးခြားလို့လား..weilang ရဲ့ မှတ်ချက်တွေမှာ ငါ့မျက်လုံးတွေကိုပဲ အမြဲဖော်ပြနေတယ် တစ်စုံတစ်ယောက်လို့ထင်ရပေမယ့် သူတို့ကမပြောရဲဘူး တားမြစ်ထားလို့ထင်တယ်"

ရှီရှန်း ခဏတုံ့ဆိုင်းသွားပြီး ရှက်ရွံ့စွာပြုံးကာ

"စစ်ဟွိုင်ရှီး နင်တကယ်ပဲ နားမလည်ဘူးလား?"

စစ်ဟွိုင်ရှီး မျက်မှောင်ကြုတ်ကာ

"ဘာကိုနားလည်ရမှာလဲ"

"နင့်ရဲ့ မျက်လုံးတွေက အရမ်းထူးခြားတယ်.. Odyssey အင်ပါယာရဲ့ တော်ဝင်သွေးနွယ်ဝင်တွေပဲ ဖြူစင်ပြီး လှပတဲ့ ပင်လယ်ပြာ မျက်လုံးတွေ ရှိတာလေ ဒါကြောင့် ပရိသတ်တွေက အံ့သြနေတာပဲ.."

Odyssey အင်ပါယာ၏ တော်ဝင်သွေး။

စစ်ဟွိုင်ရှီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ အင်ပါယာ၏အမည် အပြည့်အစုံမှာ Odyssey အင်ပါယာဖြစ်ပြီး ဤအင်ပါယာကိုအုပ်ချုပ်သော ဘုရင်သည် Odyssey တော်ဝင်မိသားစုတွင်မွေးဖွားခဲ့သည်။ သူနဲ့တော်ဝင် မိသားစုနဲ့က တကယ့်ကို အဓိပ်ပါယျမဲ့ပါတယျ။

မူလပိုင်ရှင်၏မိသားစုအကြောင်း သဲလွန်စရှာရန် အခွင့်အရေးကို စစ်ဟွိုင်ရှီးကယူနိုင်မည်ဟု ထင်ခဲ့သော်လည်း ဒါက လုံးဝသတင်းအမှားပင်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now