နှိုင်းသည် တစ်အိမ်လုံးကိုလည်း ဗြောင်းဆန်အောင် ဝုန်းဒိုင်းကြဲလာ၏။အခုတော့ ဖခင်ဖြစ်သူအပါ ဒေါ်ဝင့်နေချီနှင့်သူမ၏သားအပေါ် ရိုင်းစိုင်းစွာဆက်ဆံလာပြီး တခါတလေ အခွင့်ရှိလျှင် ကိုယ်ထိလက်ရောက်ပါကျူးလွန်တော့သည်။

ဦးသုတသည်လည်း သားဖြစ်သူ၏ဆိုးရွားရိုင်းစိုင်းမူ့​ကြောင့် သားဖြစ်သူအပေါ် တဖြည်းဖြည်း အမြင်ကပ်မုန်းတီးလာလျက်ရှိကာ ဖခင်တစ်ယောက်အနေနှင့် ဆုံးမမူ့ကောင်းကောင်းမပေးခဲ့ဘဲ နှိုင်း၏ထိုဆိုးသွမ်းမူ့များအပေါ် ပြင်းပြင်းထန်ထန်အပြစ်ပေးမူ့များနှင့်သာဆုံးမခဲ့တာကြောင့် နှိုင်း၏ဆိုးသွမ်းမူ့များသည် ပိုဆိုးလာရုံမှအပ ရပ်တန့်မသွားဘဲ ရှိနေပါတော့သည်။

အခုလည်း ဒေါ်ဝင့်နေချီကို ရေနွေးနှင့်ပက်ခဲ့သည့်အမူ့နှင့် အရင်လို အပြင်မှာ ကောင်းကောင်းမနှင်ထုတ်တော့ဘဲ ခြေကျင်းဝတ်မှာသံကြိုးခတ်ထားလျက် ဘယ်မှမသွားနိုင်လေအောင် အပြစ်ပေးလေ၏။

"အား!!!!အား!!! "

နှိုင်းသည် အရိုင်းကောင်ပမာ သံကြိုးကိုပြတ်ထွက်သွားအောင် လွှတ်ရုန်းကြိုးစားနေခဲ့ပေမဲ့လည်း ခြေထောက်မှာ ပွန်းရာတွေနဲ့အညိုမဲစွဲလာရုံမှအပ မထူးလာခဲ့။

"သခင်လေး​...သခင်လေး....စိတ်အေးအေးထားပါအုံး "

ဦးဆောအနားရောက်လာပြီးတားခါမှ နှိုင်းကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်နေတာကို ရပ်သည်။

နှိုင်း စိတ်ပုံမှန်ပြန်ဖြစ်လျှင် ဦးဆောသည် နှိုင်းအနားသို့ချည်းကပ်ခဲ့ပြီး ခြေကျင်းဝတ်မှ သံကြိုးကိုဖြုတ်ပေးခဲ့ကာ အညိုမဲစွဲနေသည့် ခြေကျင်းဝတ်သေးသေးလေးကိုမြင်ပြီး စိတ်မကောင်းဖြစ်လျက်_

"ကြည့်ပါအုံး...အညိုမဲတောင်စွဲနေပြီ "

နှိုင်းက သူ့ခြေထောက်သူပြန်ကြည့်ပြီး ဦးဆောကိုကြည့်သည်။သာမာန်ကလေးသာဆို ဒီလောက်ဒဏ်ရလျှင် အော်ဟစ်ငိုကြွေးနေကြလိမ့်မည်ဆိုပေမဲ့ နှိုင်းကတော့ ထိုကဲ့သို့မဟုတ်ဘဲ မျက်နှာက ခံစားချက်မဲ့နေ၏။

ဦးဆောသည် အမာရာလေးအပေါ် ပေးခဲ့သည့်ကတိမတည်နိုင်တာကြောင့် ကိုယ့်ကိုယ်ကိုသာအပြစ်တင်မဆုံးဖြစ်နေရသည်။

Change For You( သူ့အတွက်သာလျှင်)(U+Z)Место, где живут истории. Откройте их для себя