#4

17 5 0
                                    

welcome day...

'သီဟ မထွက်လာသေးဘူးလား'သူက အဆောင်ရှေ့ရောက်နေပေမယ့် သီဟက အခုထိထွက်မလာသေး။မှန်ကြည့်လို့ပြီးမယ့်ပုံမပေါ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

'သီဟ မထွက်လာသေးဘူးလား'
သူက အဆောင်ရှေ့ရောက်နေပေမယ့် သီဟက အခုထိထွက်မလာသေး။
မှန်ကြည့်လို့ပြီးမယ့်ပုံမပေါ်။

ဒီမနက်ခင်း နှင်းတွေကျလို့ မြူတွေသိပ်သည်းနေတာကြောင့် အဆောင်ကနေ ကျောင်းဘက်သွားတဲ့လမ်းကိုမမြင်ရ။
အရောင်မှိုင်းမှိုင်း အပေါ်ထပ် ဂျင်းအင်္ကျီကို စွဲစေ့ရင်း ပါးစပ်ထဲက အငွေ့တွေကို အပြင်မှုတ်ထုတ်လိုက်သည်။
ဒီလိုလုပ်ရတာ သူတအားသဘောကျသည်လေ။

'ဟေ့ကောင် သီဟ၊ မြန်မြန်ထွက်လာပါဆိုနေ၊ မင်းအကျွေးမွေးဘက်သွားရမှာမဟုတ်ဘူးလား၊ ဆရာမတွေတောင်ရောက်နေလောက်ပြီ၊ မင်းမလာသေးရင် ငါသွားနှင့်တော့မှာ'
'အေ လာပြီ လာပြီ'

အသံဘဲ ​အရင်ကြားပြီး လူကရောက်မလာသေး။
သူ့ဆံပင်ကောက်ကောက်လေးတွေ နှင်းရည်တွေစိုသွားတာကြောင့် နဖူးမှာ ပြားကပ်ကုန်သည်။
အစောကမှ ဆံပင်သေချာဖြီးထားတာကို။
စိတ်ကသိပ်မကြည်ချင်တော့ဘူး။

'ဖိုးကောက် မသွားသေးဘူးလား၊ မင်း showအတွက် rehearsalတိုက်ရဦးမယ်လေ၊ အရင်နေ့တွေကလာပါဆိုတော့ အပျင်းကြီးပြီးတစ်ရက်မှမလာဘဲနဲ့'

နှင်းကြားထဲကနေ သူ့ဘေးနားကပ်ရပ်လာတဲ့ စက်ဘီးတစ်စီး။
ကင်းကောင်ကတော့ လာတာနဲ့ ဆရာကြီးကအရင်လုပ်ပြီ။

'showလျှောက်တာ ဘာခက်လို့တုန်း၊ လမ်းလေးလျှောက်ပြတာကို လေ့ကျင့်ဖို့လိုလို့လား၊ မင်းတအားအပိုတွေလုပ်တယ်'
သူပြောသမျှ ငြိမ်ခံနေရင် ဇွန်မိုးညမဟုတ်။
'ပြောရင်လည်း ဘယ်တော့မှ နားထောင်တယ်မရှိဘူးနော်၊ အမြဲ ကန့်လန့်တိုက်ဖို့ဘဲ စဥ်းစားနေတာ၊ အဲ့ဒါကြောင့် ဆံပင်တွေကောက်နေတာဖြစ်မယ်'
ပြောလည်းပြော နဖူးပေါ်ပြားကပ်နေတဲ့ ဆံပင်ကောက်ကောက်တွေကို ဆွဲဖွနေတာကြောင့် စိတ်ကထောင်းခနဲတိုရပြန်ပြီ။
'ငါ့ဆံပင်မထိနဲ့ မကြိုက်ဘူး'
'မကြိုက်လည်း ထိမှာဘဲ ၊ အကဲကိုပိုတယ်'
ထပ်ပြီး လက်နဲ့လာဖွနေသည်မို့ စိတ်တိုတိုနဲ့ သူ့လက်ကိုအားနဲ့ဆုပ်ကိုင်ပြီးခါချလိုက်သည်။
'အားလားလား.. မင်းတော်တော်စွာပါလား ခွေးပေါက်စလေးကြနေတာဘဲ'
...
ဟတ်ချိုး...ဟတ်ချိုး...
ဒေါသထွက်ပြီး ပြန်ပြောဖို့ပြင်လိုက်ပေမယ့် နှာတွေမွှန်နေတာကြောင့် အဆက်မပြတ်နှာကချေလာတော့သည်။
ဟိုသူတောင်းစား..သီဟ၊ ဒင်းကိုစောင့်ရင်း နှာစေးပြီ။
ဒေါသတွေက ကင်းကောင်နဲ့သီဟအပေါ် ကူးလူးသွားတော့သည်။

လေနှင်သောမိုးWhere stories live. Discover now