အပိုင်း(၆၄)

Start from the beginning
                                    

“တဆိတ်လောက် ခဏစောင့်ပေးပါ” စွပ်ပြုတ် နောက်ဆုံးလက်ကျန်ကို သောက်ပြီးနောက် ဌာနမှူးလင်းက အဘိုးအိုကို တည်ငြိမ်စွာ စကားပြောသည်။ ထို့နောက် သူက ပန်းကန်ပြားသေးသေးလေးကို ဆုပ်ကိုင်ကာ လက်ဖက်ကြက်ဥကို သေချာအကဲခတ်သည်။

“သူတို့တွေ ဘာဖြစ်နေတာလဲ” သူတို့ဘေးနားက ဖောက်သည်က စပ်စပ်စုစု မေးမြန်းသည်။

“သူဌေးယွမ် ရောင်းတဲ့ လက်ဖက်ကြက်ဥက ထင်သလောက် မရိုးရှင်းဘူး” တခြားတစ်ယောက်ကလည်း အခိုင်အမာ ပြောဆိုသည်။

“လုံးဝ အဓိပ္ပါယ်မရှိပါဘူး။ ဟိုအဘိုးကြီး သုံးယောက်ရဲ့ လေးနက်တဲ့ အမူအရာကို သေချာကြည့်စမ်းပါ။ ငါတော့ ထူးထူးခြားခြား မခံစားမိပါဘူး။ အနံ့အရမ်းမွှေးတယ်လို့ပဲ ခံစားမိတယ်”

“ဘာလို့ မထူးခြားဘူးလို့ ပြောတာလဲ။ ကီမန်အနက်ရောင် လက်ဖက်ရွက်က သာမန်မဟုတ်ဘူး” တစ်စုံတစ်ရာကို လေးလေးနက်နက် သိထား သကဲ့သို့ အသံတစ်သံ ရုတ်ခြည်း ထွက်ပေါ်လာသည်။

ဆူညံသံများက ဌာနမှူးလင်း၏ စူးစမ်းမှုကို အနှောင့်အယှက် မဖြစ်ခဲ့ပေ။

အချိန်အတော်ကြာမှ

ဌာနမှူးလင်းက ပန်းကန်ပြားကို အောက်ချထားလိုက်ပြီး လေးကန်စွာ သက်ပြင်းချကာ စကားပြောသည်။
“ဒီလူငယ်လေးက ကီမန် အနက်ရောင်လက်ဖက်ရွက်ရဲ့ နွေဦးလက်ဖက်ရွက်ကို သုံးခဲ့တာပဲ။ အရောင်၊ စစ်မှန်တဲ့ အနံ့အသက် နဲ့ ပျားရည်လို ချိုမြတဲ့အရသာက သံသယဝင်နေဖို့တောင် မလိုအပ်တော့ဘူး”

“ဒီလူငယ်လေးက အဖိုးတန် အရင်းအမြစ်တွေကို ပေါ့တန်တန် ဖြုန်းတီးပစ်ရလား။ ဒီလိုထိပ်တန်းအဆင့်ရှိတဲ့ လက်ဖက်ရွက်ကို ဆေးဖက်ဝင်လက်ဖက်ကြက်ဥလုပ်ဖို့ သုံးရတယ်လို့ဟာ”
ထိုစကားကို ပြောလိုက်စဉ် အဘိုးအိုက မကျေမနပ် တောက်ခေါက်သည်။

လက်ဖက်ရွက်နှင့် ပတ်သက်ပြီး အတော်အတန် ဗဟုသုတ ရှိသော ဖောက်သည်များက ယွမ်ကျိုးကို ဝိုင်းရိုက်ချင်နေသော ဆန္ဒ ဖြစ်ပေါ်နေသည်။ ကီမန် အနက်ရောင်လက်ဖက်ရွက်သည် ကမ္ဘာပေါ်ရှိ ထိပ်တန်း အနက်ရောင်လက်ဖက်ရွက် သုံးမျိုးထဲ တစ်မျိုးဖြစ်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now