"အာ .. မင်း ဒီနေ့တော့ ငါတို့အိမ်မှာပဲ အိပ်လိုက်ဖို့ မေမေကပြောတယ်။ အဲ့တာ မင်းအဆင်ပြေရဲ့လား"

လွမ်းနွေဟာ သူ့ရဲ့ အင်္ဂလိပ်အသံထွက်ကို ထိန်းပြောနေရသည်။ သူ့ဟာသူဆို အဲ့လောက်ထိ ဂရုစိုက်မှာမဟုတ်ပေမယ့်လည်း ဘာကြောင့်မှန်းမသိ လူတစ်ယောက်ယောက်ရှေ့မှာ အကောင်းဖြစ်ချင်စိတ်တွေက အပြည့်ဖြစ်နေခဲ့ရ၏။

"ငါက ဖြစ်နိုင်ရင် တစ်ဖက်အိမ်မှာ တစ်ယောက်တည်းမနေချင်ဘူး အဲ့တာကို ငါတို့ နည်းနည်းလောက် ညှိနှိုင်းလို့ရနိုင်မလား"

"အဲ .."

လွမ်းနွေက အဲ ခနဲသာအသံပြုလိုက်မိတော့သည်။

"ငါ အဘွားကိုလည်း ဆက်သွယ်ခိုင်းလိုက်မှာပါ၊ ခဏပဲလာတာဆိုတော့ ငါတစ်ယောက်တည်းဆို အဆင်မပြေလောက်ဘူးလေ၊ ပြီးတော့ ကြောက်တယ် "

လွမ်းနွေဟာ ဆိုဒ်ပြည့် ဂိုက်ပြည့်နှင့် ကြောက်တယ် ပြောနေရှာသော ကောင်လေးကို မျင်ခုံးပင့်ရင်းကြည့်လိုက်မိသည်။ ဟုတ်လည်းဟုတ်ပါသည် လူကသာ ထွားနေပေမယ့် အသက်ကလေးက အခု မှ တစ်ဆယ့်ရှစ်မဟုတ်လား။

လွမ်းနွေက ကြံရခက်ခက် အခြေအနေမှာ မိခင်ဖြစ်သူကိုသာ လှမ်းကြည့်မိသည်။ သို့ပါသော်လည်း အနားမှာ အဆင်သင့်ရှိမနေသော မေမေကြောင့် လွမ်းနွေက ခေါင်းကိုသာ နာနာကုတ်ရတော့၏။

" ငါ့အဘွားဆီ ဖုန်းတစ်ချက်လောက်ခေါ်ပေးမလား "

အိမ်မှာရှိသည့် တစ်လုံးတည်းသော အထိုင်ဖုန်းကို လက်ညိုးညွှန်ရင်း အန်ဒရီကပြောလာသည်။

ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ လွှမ်းမိုးမှုသည် လွမ်းနွေအပေါ် တော်တော်လေးကို တာနေပြီဖြစ်၏။

" ပပ .. ငါ ဒီအိမ်မှာပဲနေလို့ရမလားဟင်၊ ဘေးအိမ်မှာ တစ်ယောက်တည်းနေရမယ်ဆို ငါကြောက်လို့ပါ "

အိမ်အတွင်းမှ ဘယ်အချိန်က ပြန်ထွက်လာမှန်းမသိသော မိခင်ဖြစ်သူအား ထိုကောင်လေးပြောလိုက်သည့် အသံသည် ယခင်က သူ့ကိုပြောလာပါသော တင်တင်စီးစီး အသံမျိုးမဟုတ်ဘဲ သနားချင့်စဖွယ်။

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now