အပိုင်း(23)

Start from the beginning
                                    

မိုရာကြောက်ရွံ့ထိတ်လန့်နေရသည်။အဓိကကတော့မိုရာ့ရဲ့ဗိုက်ထဲကကလေးလေးကိုစိုးရိမ်မိသည်။ကလေးလေးကခုမှမိုရာ့ဗိုက်ထဲရောက်တာလေအခုမှလူဖြစ်ရုံပဲရှိသေးတာကလေးလေးသာတစ်ခုခုဖြစ်ရင်မိုရာဘယ်လိုလုပ်ရမှန်းမသိတော့ပေ။ဘီဘီနဲ့ကီကီကလဲ မိုရာ့အနားကိုရောက်လာသည်။သူတိူ့ကို ကြည့်ရတာလဲကြောက်ရွံနေတဲ့ပုံဖြစ် နေသည်။အင်းလေ မိုရာကိုယ်တိုင်တောင်ကြောက်နေမိတာသူတို့လဲကြောက်မိကြမှာအမှန်ဖြစ်၏။

''အကုန်လုံး သခင်မနဲ့သခင်မ နာရာ့ကိုဂရုစိုက်ကြတစ်ယောက်မှ မထိခိုက်စေနဲ့''

''ဟားးး..ဟားး...မင်းလူတွေကဘယ်နှယောက်ရှိလို့လဲ..မင်းကပွဲတော်ရက်ဆိူပြီးအကုန်အိမ်ပြန်ခိုင်းလိုက်တာမင်းအမှားပဲ''

''အကိုကြီး...ဘာလို့အခုလိုလုပ်ရတာလဲဟင်ဘာလို့လဲ''

''ဘာလို့လဲဟုတ်လား...ဟားးး.​အဲ့တာ
အကုန်မင်းကြောင့်လေ...မင်းက ငါပိုင်ဆိုင်ရမဲ့အရာတွေအကုန်လုံးကိုယူသွားတာလေ အကုန်လုံး ပဲ မင်းကို မမွေးခင်က ဖခင်ရဲ့ အချစ်တွေအကုန်လုံးကငါ့အတွက်ပဲ ဖြစ်ခဲ့တာ မင်းမွေးလာပြီးနောက်ပိုင်းငါ့အပေါ်ထားတဲ့အချစ်တွေကလျော့သွားတယ် ပြီးတော့ မျိုးနွယ်ရဲ့အာဏာကလဲ မင်းဆီကို အလိုအလျောက် ရောက်သွားတယ်လေအဲ့တာတွေအကုန်မင်းကြောင့်ပဲကွ''

''အကိုကြီးဘာတွေပြောနေတာလဲဖခင်က အကိုကြီးကိုချစ်တယ် အရင်လိုပဲချစ်တုန်းပဲဒါပေမဲ့ မျိုးနွယ်ရဲ့အာဏာက ကျွန်တော်မရှိလဲ အကိူကြီးရမှာမဟုဘူး''

ခါရူးရဲ့စကားအဆုံးမှာ အန်ဒရူးရဲ့မျက်နှာက နားမလည်နိုင်ခြင်းတွေနဲ့ပြည့်သွားတာကို တွေ့လိုက်ရသည်။

''ဘာလို့..မရရမှာလဲ အစထဲက မင်းသာမွေးမလာခဲ့ရင်ငါကမျိုးနွယ်ရဲ့တစ်ဦးတည်းသောသားပဲ...အရာအားလုံးကို.ငါပဲပိုင်ဆိုင်ရမှာ မင်းကြောင့်သာမရတာ.....မင်းသိလား မင်းကိုလေ ငါအမြဲ လုပ်ကြံခဲ့တာ မင်းမျိုးနွယ်စုခေါင်းဆောင်ဖြစ်ထဲကပဲ..ဒါပေမဲ့မင်းကပဲကံကောင်းနေတာလား...ငါ့တပည့်တွေကပဲအသုံးမကျတာလားဆိူတာငါနားမလည်ခဲ့ဘူးဘာလို့ဆိုမင်းကအမြဲ လွတ်သွားတယ်လေ''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now