Part - 20 ( Uni )

Mulai dari awal
                                    

အကျႌဝတ်ထားခြင်းမရှိသည့် အလင်း၏ရင်ဘက်နေရာကို ကိုယ့်လက်တစ်ဖက်ဖြင့်ထိတွေ့မိသည့်အခါ အနည်းငယ်ပူနေသောခံစားမှုကိုရလိုက်သည်။

" နေမကောင်းဖြစ်နေတာလား "

ကိုယ့်ဘာသာခပ်တိုးတိုးစကားဆိုရင်း အလင်း၏ နဖူးဆီ နောင်တစ်ကြိမ်စမ်းကြည့်လိုက်သည်။ တကယ်ပဲအလင်းကိုယ်နည်းနည်းပူနေတယ်။ ကိုယ်ကတော့ လည်ချောင်းတွေနာနေတာကလွဲရင် ကိုယ်ပူနေတာမျိုးမရှိတော့။ လည်ချောင်းတွေနာနေတယ်ဆိုတာကလည်း ညကတော်တော်လေးအော်ဟစ်လိုက်မိတာကြောင့်ဖြစ်သည်။ ကိုယ့်ဘာသာတွေး ကိုယ့်ဘာသာပြန်ရှက်မို့ တိုးတိုးလေးရီမိသွားပြန်၏ ။

ကြွက်သားအဖုအထစ်တွေအများကြီးရှိမနေဘဲ ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ကောင်းလှသည့် အလင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကိုထိတွေ့နေရတာကပင် စိတ်ကျေနပ်စရာကောင်းလွန်းတာကြောင့် ရင်ဘက်ပေါ်ကို လက်ဖဝါးနှင့်ခပ်ဖြေးဖြေးပွတ်သပ်နေမိ၏။

" နိုးနေရင်လဲ ငြိမ်နေရမှာပေါ့ ။ ဒီလိုမျိုး အခြားသူကိုပါအိပ်ရာကနေနိုးအောင် နှိုးနေလို့ဘယ်ဖြစ်ပါ့မလဲ "

မျက်လုံးမဖွင့်သေးပဲ ကိုယ့်လက်ပေါ်ကိုထပ်ပြီးအုပ်မိုးကာဆုပ်ကိုင်လာသည့် အလင်း၏ လက်ဖဝါးပြင်အထိအတွေ့ကြောင့် သျှန်အံ့တစ်ယောက် ဇက်လေးပုသွားပြီးရီနေမိတော့သည်။

" နိုးသွားတာလား "

" ကိုယ့်ခန္ဓာကိုယ်ပေါ် လက်တစ်ဖက်တင်ပြီး ပုရွက်ဆိတ်လို့လျှောက်ပြေးနေမှတော့ မနိုးနေတော့မလား "

" အိပ်ပျော်နေတဲ့ အလင်းရဲ့ပုံစံက အရမ်းမိမိုက်နေလို့ပါ "

ဖျက်ခနဲဆိုသလို ကိုယ့်နဖူးထက်နှုတ်ခမ်းပါးတင်လာရင်း အနမ်းတစ်ပွင့်လက်ခံရရှိလိုက်သည်။
မထင်မှတ်ထားသည့်အနမ်းကြောင့် သျှန်အံ့မှာလည်း စကားပင်ဆက်မပြောနိုင်ဖြစ်သွားရပြီး ရီ၍သာနေမိတော့သည်။

" နေရတာအဆင်ပြေရဲ့လား ။ တစ်နေရာရာမှာ နာကျင်နေတာမျိုးဖြစ်နေရင်ပြောနော် "

အလင်းက ဂရုစိုက်ပြီးမေးနေမှန်းသိပေမည့် အမှန်တိုင်းဖြေလိုက်ဖို့အတွက်တော့ ရှက်မိသည်။

Hey ! You Have To Be My Husband ( Completed  )Tempat cerita menjadi hidup. Temukan sekarang